((( ဘော်လုံးထဲကလေ )))

((( ဘော်လုံးထဲကလေ )))

စီစဉ်ထားတဲ့ အချိန် အပတ်ရေနဲ့
စီစဉ်ထားတဲ့ အရှိန် အဆနှုန်းနဲ့
အတွင်းခုံးနံရံပေါ်မှာ
သံသရာလမ်းလို အခါခါပတ်မောင်း
အက်ကြောင်းထ ဝဋ်ုဒုက္ခတွေ သံမှိုစွဲ
နံရံကိုဖြိုခွဲထွက်မရတဲ့ ဆိုင်ကယ်တွေ
အပြိုင်လည်ပတ်နေတဲ့ ဆပ်ကပ်ပွဲမှာ
ဘောလုံးထဲကလေလို လူတိုင်းရှင်သန်
တခါတရံ အချင်းချင်း မုန်တိုင်းဆန်ကြ
ရန်ဖြစ်ကြ၊ ခဏကြာ ပြန်သင့်ကြ
လောင်အိမ်ဥပဒေသနဲ့ နေတတ်အောင်ကျင့်
လူ့ဖြစ်တည်ခြင်းဆိုတာ
ကန်ဖြိုလို့မရတဲ့ နံရံမှာ..ပန်းချီဆွဲနေလိုက်တာ
ပဲ
ကြာတော့ နံရံပြိုပျက်သွားမှာကို စိုးရိမ်လာ
သူ့အိုးအိမ်သူ မွန်းမံ ကာကွယ် စောင့်ရှောက်
လွတ်မြောက်ရကောင်းမှန်း မတွေးတော့ပြီ
ဤငရဲ၌ တည်မြဲ စိုက်ထူထား
လူသားအလံတော်။ ။

သုအိုင်စံ
၀၇-၀၅-၂၀၁၃

Comments

Popular posts from this blog

((( ကိုယ်ပိုင်အကြွေး ))) === SELF-DEBT

((( သူမနှင့် ဖက်ဒရယ် မျက်နှာသစ်ခွက် )))

ိ္ကျိအမ၆ကန၅၆မကျမအ့နမ