((( စမ်းချောင်းလေးရဲ့၂၄နာရီ )))

((( စမ်းချောင်းလေးရဲ့၂၄နာရီ )))

စီးဆင်းသွားတဲ့ စမ်းချောင်းလေး
ခရီးပြင်းသွားတဲ့ စမ်းချောင်းလေး
မေ့ဖို့ ခက်တဲ့ စမ်းချောင်းလေး
ရှေ့သို့ဆက်တဲ့ စမ်းချောင်းလေး
လက်ပြဝေးကွာသွားတဲ့ စမ်းချောင်းလေး
အသက်မက အရေးပါထားတဲ့ စမ်းချောင်းလေး
တရွေ့ရွေ့ စီးဆင်းသွားတဲ့ စမ်းချောင်းလေး
တနေ့နေ့ ခရီးပြင်းသွားတဲ့ စမ်းချောင်းလေး
ပြန်မဆုံနိုင်သေးတဲ့ စမ်းချောင်းလေး
ရန်မကုန်နိုင်သေးတဲ့ စမ်းချောင်းလေး
အဖိုးအဖွားသွေးဆက် စမ်းချောင်းလေး
အမျိုးသားရေးအတွက် စမ်းချောင်းလေး
ရန်ငါနဲ့ စည်းခြားတဲ့ စမ်းချောင်းလေး
ကံကြမ္မာနဲ့ ခရီးသွားတဲ့ စမ်းချောင်းလေး
အချစ်ကို ရူးခဲ့မိုက်ခဲ့တဲ့ စမ်းချောင်းလေး
အသစ်ကို ဦးနဲ့ခိုက်ခဲ့တဲ့ စမ်းချောင်းလေး
နွေရာသီ ရေနဲရတဲ့ စမ်းချောင်းလေး
တနေရာစီနေဆဲဘဝနဲ့ စမ်းချောင်းလေး
အမိမြေမှာအစိုးရသစ်နေတဲ့ စမ်းချောင်းလေး
အသိတွေဟာမရိုးမရွဖြစ်နေတဲ့ စမ်းချောင်းလေး
မနွမ်းဟောင်းသေးတဲ့ စမ်းချောင်းလေး
အလွမ်းအကြောင်းတေးဖွဲ့ စမ်းချောင်းလေး
ခေတ်သစ်စာမျက်နှာနဲ့ စမ်းချောင်းလေး
အချစ်စစ်ကဗျာဖြစ်လာတဲ့ စမ်းချောင်းလေး

လမ်းဟောင်းလေးအတိုင်းခရီးနှင်ကာ
စမ်းချောင်းလေးအတိုင်းစီးဝင်လာမယ်
မြန်မာပြည်၂၄ နာရီ တခေတ်သစ်တယ်။ ။

သုအိုင်စံ
၂၂-၀၃-၂၀၁၆
လေးဖြူရဲ့ (စီးဆင်းသွားတဲ့စမ်းချောင်းလေး) နားထောင်ရင်းရေးမိပါတယ်။

Comments

Popular posts from this blog

ိ္ကျိအမ၆ကန၅၆မကျမအ့နမ

((( ကိုယ္ပိုင္အေၾကြး ))) === SELF-DEBT

((( ပုရွက်ဆိတ်သေတသောင်းသည်=ဆင်သေတလောင်းနှင့် ညီ/မညီ )))