((( ကော်ပီတေးများ )))
((( ကော်ပီတေးများ )))
ဟေ့ရောင်...
မင်းလက်ဖျံထဲက ပွင့်+ပန်း+ထွက်လာတာက
ဘယ်သူ့ နှလုံးသွေးစက်နဲ့  သံစဉ်တွေလဲကွ
အေးကွာ..
ငါ့တို့ တွေရဲ့  တောနှလုံးသားတွေ မှာကလည်း
ဂီတအနုပညာသွေးသားအားအင်လိုအပ်ေ နတော့
တွေ့ ရာ ရရာ နီးစပ်ရာ တေးသွေးသီချင်းတွေကို
အပ်ဂျိုင်းရင်းနဲ့ +ပလပ်ဂျိုင်းသွင်းခဲ့မိတာပေါ့ ကွာ
(အဲဒီအတွက်.... ငါတို့ -- ကျေးဇူးတင်နေခဲ့တယ်)
ဂီတပိုင်ရှင်အစစ်က သူ့ သီချင်းဖြစ်လာပုံတွေကို
ကြုံကြိုက်လို့  တချိန်မှာ ငါ့တို့ ကို ပြောပြတဲ့အခါ
မင်းသီချင်းပါလို့  ငါတို့ က ပြောရမှာတော့-ခက်ပေရဲ့ 
မင်းလက်ချက်နဲ့  ငါ့တို့ ရင်ဘတ်ထဲ ရောက်တဲ့ ဒီ-ဂီတ
ဒီလို ပြတ်သားစွာ ၂ ခြမ်း ခွဲခြားရမယ်လို့ -- မြင်သည်
သူသည် ခံစားမှု-ဂီတ-အနုပညာရှင် ဖြစ်ပြီး
မင်းသည် လက်မှု-ဂီတ-အတုပညာရှင် ဖြစ်တယ်လို့ 
ခိုးယူလို့  တင်သွင်းလာမှ-ငှားရမ်း-ဂီတကို ခံစားရတာ
ငါတို့ ကတော့ အပေါစား ပရိသတ်တွေပေါ့ကွာ....
ချစ်သာ မြန်မာမက်တယ်နှင့်ရောခ့်သီချင်း များ
ငှားရမ်းထားသော အပြင်းစားသံစဉ်များတို့ ရေ...
ကိုယ့်အင်္ကျီနဲ့ ကိုယ် လန်းစိုရိပ်မိုး စိမ်းညို့ နေတာ
သိပ်- မြင်ချင်ပါတယ်ဗျို့ ။ ။
-
-
-
-
စောက်လုပ် စောက်ကိုင် မရှိ
ဒီကဗျာကို စောက်ကြောထပ်ရှည်ကြည့်ရရင်
ဘုရားသခင်ရေးဖွဲ့သီထားတဲ့ သီချင်းနဲ့ သံစဉ်အား
စာသားသွင်းကာ ဆိုပြ ဖျော်ဖြေခဲ့တာ မိဘတွေလား
-
သိပ်မြတ်တဲ့ ဘာသာတရားတွေကို...
စိတ်ငတ်နဲ့  ငါရှာစားနေတုန်းက..
တွေ့ခဲ့မိပုံများ... တွေးခဲ့ကြည့်ပုံများ
သုံးစားလို့  မရစွာ.။ ။
သုအိုင်စံ
၂၀-၀၉-၂၀၁၆
Comments
Post a Comment