((( သွေးပွက်ဈာန်စဉ်မှာ ရေးဖွဲ့ သံစဉ်ဗလာ )))

((( သွေးပွက်ဈာန်စဉ်မှာ ရေးဖွဲ့ သံစဉ်ဗလာ )))

အမှောင်နက်ဆုံးအားတွေကို သောက်သုံး
အရောင်ပျက် လုံးပါးပါးနေတဲ့ ပုလင်းတလုံး
ပိတ်လှောင်မွန်းကြပ်နေတုန်းပဲ

ဘာကို လိုချင်လို့ လဲဗျာ
ပုလင်းကို ရိုက်ခွဲလိုက်တာ

မတွေ့ မြင်မိဘူးလား
မတွေးထင်ကြည့်ဘူးလား
လှောင်ခတ်ခံခဲ့ အမှောင်ဝဋ်ကျွေးများဟာ
အတောင်ခပ် ပျံထွက် ထောင်လွတ်ပြေးသွားတာ

ဒါပေမဲ့ကွာ
အဲဒါဟာ ငါ့အဖြေလွာ မဟုတ်သေး
အဲဒါဟာ ငါရှာနေတာ မဟုတ်သေး
ဆက်တွေးတဲ့ အတွေးသည်လည်း
ထွက်ပြေးမဲ့ အဝေးဆီပဲ
ထောင်တံတိုင်းဖျက် ရိုက်ခွဲတတ်ရမည်
အမှောင်လှိုင်းနဲ့ လိုက်ရဲကြရမည်

ခွမ်းကနဲ
ပုလင်းကို ပေါက်ခွဲဖျက်ဆီးလိုက်တဲ့ အခါမှာ
ရွှမ်းကနဲ
သွေးယိုပေါက်ကွဲ ဆက်စီးလှိုက်ထွက်လာတာ
အဲဒါ ဘာခေါ်သတုန်း
အဖြေက ဒီမှာအဆုံးပဲ
အနက်လက်ရောင် ပုလင်းတလုံးတည်းသာ
အသက်မထွက်အောင် မင်းသုံးတဲ့ကမ္ဘာဆိုရင်
မင်္ဂလာပဲ
ကွဲကျေပျက်ပြဲသွားတဲ့ အလှအပက ကမ္ဘာလေ
အသဲတွေအက်ကွဲသွားတဲ့ ဒသနက ဗလာလေ
ထောင်ကျ ဖြစ်တည်ခြင်း ဒဏ်ချက်များ
အတောင်တပ် အမြင့်ချီရင်း ပျံထွက်သွားတာက
ကျက်သရေဆောင်တရား
လေမှောင်အား ရှူ  ရှိုက် ထားကြမယ်
နေရောင်များ ဆူဆိုက် သွားကြတယ်
အရာရာဟာ မဟူရာကြယ်ပဲ
ဗလာတကာဟာ မဟူရာနယ်ထဲ
ဒီကဗျာဟာ ဒီမှာပဲ ရပ်စဲသွားတယ်။   ။

သုအိုင်စံ
၁၆-၁၀-၂၀၁၆

Comments

Popular posts from this blog

ိ္ကျိအမ၆ကန၅၆မကျမအ့နမ

((( ကိုယ္ပိုင္အေၾကြး ))) === SELF-DEBT

((( ပုရွက်ဆိတ်သေတသောင်းသည်=ဆင်သေတလောင်းနှင့် ညီ/မညီ )))