((( လူငယ် )))

((( လူငယ် )))

တစ်ညနေမှာ
ကောင်လေးရဲ့ပုခုံးပေါ်ကို
လူတစ်ယောက် ခုန်ချလာတယ်
ပြီးတော့..သူ့လက်ထဲက
စာတစ်လုံးမှ မရေးရသေးတဲ့
သမိုင်းစာအုပ်အထူကြီးကို ကမ်းပေးတယ်
"ဘောပင်ရော"လို့ ကောင်လေးကမေးတော့
ရင်ဘတ်ကို လက်သီးနဲ့ အလေးပြုပြီး
"သွေးနဲ့ရေး"လို့ပြောတယ်
ကောင်လေးကို ထပ်မတွေ.ရတော့ဘူး။ ။

သုအိုင်စံ
၂၀၀၀

Comments

Popular posts from this blog

((( ကိုယ်ပိုင်အကြွေး ))) === SELF-DEBT

((( သူမနှင့် ဖက်ဒရယ် မျက်နှာသစ်ခွက် )))

ိ္ကျိအမ၆ကန၅၆မကျမအ့နမ