(((သစ်ပင်)))

(((သစ်ပင်)))

အလကားပါဗျာ
အပင်ရဲ့အဖျားက ဘယ်လောက် မြင့်မြင့်
လူအဖြစ်က စောက်ရူးကြီးပါ
အလကားပါဗျာ
ရေသောက်မြစ်က ဘယ်လောက် နက်နက်
လူအဖြစ်ကို စောက်လူက မမြင်ဘူး
ဖြစ်ချင်နေတာ လွင့်ချင်နေတာပဲပေါ့
ဖြစ်နေရတာတော့ အမြစ်မြေကပ်ကာ
လေဒဏ်ကို ခံထိုး၊ မိုးဒဏ်ကို လှန်ချိုး
နွေဒဏ်ကို အံတုလှန်၊ မြေဒဏ်ကို ပြန်ခုခံ
မိုးကောင်းကင်ယံရဲ့ အောက်ဆုံးအလွှာနဲ့
မြေဆီပြင်သားရဲ့ အပေါ်ဆုံးလွှာကြားမှာ
သစ်ပင်ရဲ့ ကျင့်စဉ်ဟာ လွင့်စင်နေတာပဲ
လူဟာ ဘယ်ကိုမှလည်း မရောက်သွားခဲ့ဘူး
ကျောက်ရူးထပြီးတော့ စောက်ရူးဘဝကြီးပေါ့။ ။

သုအိုင်စံ
၃၀-၀၃-၂၀၁--

Comments

Popular posts from this blog

((( ကိုယ်ပိုင်အကြွေး ))) === SELF-DEBT

((( သူမနှင့် ဖက်ဒရယ် မျက်နှာသစ်ခွက် )))

ိ္ကျိအမ၆ကန၅၆မကျမအ့နမ