((( အာမင် )))

((( အာမင် )))

အရေပြားမရှိတဲ့ကောင်းကင်
အရိုးမရှိတဲ့ကောင်းကင်
အရောင်မရှိတဲ့ကောင်းကင်
လေယာဉ်မပျံတဲ့ကောင်းကင်
ဂြိုလ်ထုမဖြတ်သန်းတဲ့ကောင်းကင်
တိမ်မရှိတဲ့ကောင်းကင်
ကြယ်မရှိတဲ့ကောင်းကင်
လမရှိတဲ့ကောင်းကင်
နေမရှိတဲ့ကောင်းကင်
သစ်ပင်ကမော့မကြည့်တဲ့ကောင်းကင်
မြေပြင်ကမကြိုဆိုတဲ့ကောင်းကင်
မိုးရေတွေကျမလာတဲ့ကောင်းကင်
မိုးသီးတွေကြွေမလာတဲ့ကောင်းကင်
လေသွားလေလာမရှိတဲ့ကောင်းကင်
လူမော့လူငေးမရှိတဲ့ကောင်းကင်
ထင်ယောင်ထင်မှားတောင်
အမြင်မှားလို့ မရတဲ့ကောင်းကင်
လက်ဝါးကပ်တိုင်မရှိတဲ့ကောင်းကင်
သချိုင်းကုန်းမရှိတဲ့ကောင်းကင်

အို...ဘုရားသခင်
ငါဟာ ခွေးတစ်ကောင်ပါ
ဘယ်ဆင်ကိုမှ အထင်မကြီးခဲ့ဘူး
အာမင်။ ။

သုအိုင်စံ
၂၀၁၀

Comments

Popular posts from this blog

((( ကိုယ်ပိုင်အကြွေး ))) === SELF-DEBT

((( သူမနှင့် ဖက်ဒရယ် မျက်နှာသစ်ခွက် )))

ိ္ကျိအမ၆ကန၅၆မကျမအ့နမ