((( ဤရထား ဘုရားသခင် မစီးပါ )))

((( ဤရထား ဘုရားသခင် မစီးပါ )))

အတိတ်ဆိုးတွေ ကြိတ်တိုးနေဆဲ
အမှားအယွင်းတွေ အားပြင်းနေဆဲ
စတေးအသက်တွေ သွေးပွက်နေဆဲ
အကျဉ်းထောင်တွေ ပုလင်းထောင်နေဆဲ
ဘဝနွမ်းတွေ ဇတ်ကြမ်းနေဆဲ

သော့ဂလောက်ကြီး စောင့်နေသည်
သော့ပျောက်သူတွေ ပင်ပန်းပြီ
ဘယ်တော့ရောက်မလဲ လင်းရောင်ခြည်
သံချေးညစ်ထပ် ညနက် ထိုတိုင်းပြည်

နေ့ရက်သစ်တွေနဲ့ ရှေ့ဆက်လွင့်နေတဲ့ ဒီကမ္ဘာကို
သံစဉ်မှန်တေးတပိုဒ်နဲ့ အမြန်ရှင်သန်အပြေးလိုက်ရမဲ့
ထိုသူတိုရဲ့ အနာဂတ်

မင်းအသက်ဟာ အလင်းတစ်ခက်ပဲ
မင်းဘဝဟာ အလင်းတစ်စပဲ
မင်းပွင့်မှ အလင်းခေတ် စမယ်
ဘူတာမှာ လူတကာစောင့်နေတယ် သင့်ကို။

ရထားရောက်ပေမဲ့ ခင်ဗျားပျောက်နေခဲ့တယ်။   ။

သုအိုင်စံ
၂၇.၀၄.၂၀၁၂

Comments

Popular posts from this blog

((( ကိုယ်ပိုင်အကြွေး ))) === SELF-DEBT

((( သူမနှင့် ဖက်ဒရယ် မျက်နှာသစ်ခွက် )))

ိ္ကျိအမ၆ကန၅၆မကျမအ့နမ