((( ရေသောက်မြစ် )))
((( ရေသောက်မြစ် )))
ကိုယ့်ကျင်းကိုယ်တူးပြီးမှ
ကြီးပြင်းလာရတဲ့ကောင်ပါ
ငါသေတဲ့အခါ
သင်တို့အလုပ်ရှုပ်စရာမလိုဘူး။
ချစ်သူရေ...
ရေသောက်မြစ်ဖြစ်လာမှတော့
မြေအောက်မှာနှစ်ရှည်လများ
နက်သထက်နက်
ငါဆက်တူးသွားပါ့မယ်။
ကမ္ဘာမြေပေါ်က
ငါပို့ပေးလိုက်တဲ့ပန်းတွေ
လှပနေပါစေတော့
ငါပို့ပေးလိုက်တဲ့ကဗျာတွေ
ရသဝေဖြာစေတော့၊
အဲဒီရေသောက်မြစ်က
ရေတစ်ပေါက်လောက်
သောက်ခွင့်ရခဲ့ရင်ပဲ
သေပွဲရဲရဲဝင်ရဲပြီ။ ။
(ကမ္ဘာလောကရှိ ရေသောက်မြစ်လို ကဗျာဆရာတွေအတွက် ဦးညွတ်ဖွဲ.ဆိုသည်)
ကောင်းသတင်းဂျာနယ်၊ အတွဲ ၁၊ အမှတ် ၂ မှာဖော်ပြခဲ့ဖူးတဲ့ကဗျာပါ။
သုအိုင်စံ
၂၀၀၁
ကိုယ့်ကျင်းကိုယ်တူးပြီးမှ
ကြီးပြင်းလာရတဲ့ကောင်ပါ
ငါသေတဲ့အခါ
သင်တို့အလုပ်ရှုပ်စရာမလိုဘူး။
ချစ်သူရေ...
ရေသောက်မြစ်ဖြစ်လာမှတော့
မြေအောက်မှာနှစ်ရှည်လများ
နက်သထက်နက်
ငါဆက်တူးသွားပါ့မယ်။
ကမ္ဘာမြေပေါ်က
ငါပို့ပေးလိုက်တဲ့ပန်းတွေ
လှပနေပါစေတော့
ငါပို့ပေးလိုက်တဲ့ကဗျာတွေ
ရသဝေဖြာစေတော့၊
အဲဒီရေသောက်မြစ်က
ရေတစ်ပေါက်လောက်
သောက်ခွင့်ရခဲ့ရင်ပဲ
သေပွဲရဲရဲဝင်ရဲပြီ။ ။
(ကမ္ဘာလောကရှိ ရေသောက်မြစ်လို ကဗျာဆရာတွေအတွက် ဦးညွတ်ဖွဲ.ဆိုသည်)
ကောင်းသတင်းဂျာနယ်၊ အတွဲ ၁၊ အမှတ် ၂ မှာဖော်ပြခဲ့ဖူးတဲ့ကဗျာပါ။
သုအိုင်စံ
Comments
Post a Comment