((( ဆေးမြီးတို )))

((( ဆေးမြီးတို )))

ဂါထာပေါင်းချုပ် တဲ့
ကဗျာပေါင်းချုပ် တဲ့
စာအုပ် ၂ အုပ် ဘာလုပ်ရမလဲ
အဲဒီ( ဒွိ) ဟာ
တစ်ဘဝလုံးကို ဒုက္ခပေး ညစ်စေမှာမို့
အစအဆုံးကို ဖြုတ်/တပ် ဆေးပစ်ပါစို့
ကျွန်ုပ်တို့ရဲ့
အခက်တွေ့ကြရတဲ့ ဤကိစ္စအား
လက်တွေ့ကျကျနဲ့ အပီရိတ်ဖြတ်သွားတာ
ဒီလိုဗျာ
ဘုရားမိုက်ဆန်တဲ့ ဂါထာစာအုပ်ကို ဆွဲဖြဲခဲ့ပါရဲ့
အမှားစရိုက်သန်တဲ့ ကဗျာစာအုပ်ကို အသဲထဲထည့်လာခဲ့
ဒီတော့ကာ
မနုသတစ်ဦး၏ ရင်ထဲ ရတနာဘုံလမ်းကြမ်းမှာ
ဒုက္ခဖူးသည့် အသွင်ကွဲ ကဗျာစုံ လန်းဆန်းစွာ
လူဟာပွင့်နေပါတယ်
ဘယ်လိုပဲ တောက်ပတောက်ပ ပန်းကဗျာမြောက်စွာ
သူဟာလွင့်နေပါတယ်
ဘယ်ကိုပဲ ရောက်ရရောက်ရ လှမ်းကာလျှောက်လာ
အဲဒါကို--- ဆရာကြီးအထာနဲ့
အမှားဝေဆာ လူ့ကဗျာရဲ့ဝဋ်ကြွေးတို့အား
ဘုရားတွေဟာ သူ့ဂါထာနဲ့ ချွတ်ဆေးလို့များ
ရမယ်ထင်လို့လား
ခင်ဗျားကြီး အများကြီး မှားတယ် အရှင်။   ။

သုအိုင်စံ
၀၂-၀၅-၂၀၁၅

Comments

Popular posts from this blog

((( ကိုယ်ပိုင်အကြွေး ))) === SELF-DEBT

((( သူမနှင့် ဖက်ဒရယ် မျက်နှာသစ်ခွက် )))

ိ္ကျိအမ၆ကန၅၆မကျမအ့နမ