((( မြန်မာဝီစကီ )))
((( မြန်မာဝီစကီ )))
ကိုယ်တိုင် ချက်တဲ့ အရက် ကိုယ်သောက်ရဖို့
ဝီစကီဟာ ၁၈ နှစ်တိုင်တိုင် စောင့်ရမယ် တဲ့
ဝီစကီဟာ တိုင်းပြည်အရက်စည်ထဲမှာ
၁ နှစ်ကို ငွေဖောင်းပွရင်း စောင့်ခဲ့တယ်
၂ နှစ်ကို မဲခိုးမဲလိမ်ရင်း စောင့်ခဲ့တယ်
၃ နှစ်ကို အာဏာသိမ်းရင်း စောင့်ခဲ့တယ်
၎ နှစ်ကို သူပုန်တိုက်ရင်း စောင့်ခဲ့တယ်
၅ နှစ်ကို ဆန္ဒတွေပြရင်း စောင့်ခဲ့တယ်
၆ နှစ်ကို လူခိုးဝင်ရင်း စောင့်ခဲ့တယ်
၇ နှစ်ကို အဓိဂရုန်းဖြစ်ရင်း စောင့်ခဲ့တယ်
၈ နှစ်ကို စီးပွားပိတ်ရင်း စောင့်ခဲ့တယ်
၉ နှစ်ကို ရေနံရောင်းရင်း စောင့်ခဲ့တယ်
၁၀ နှစ်ကို ဓါတ်ငွေ့ရောင်းရင်း စောင့်ခဲ့တယ်
၁၁ နှစ်ကို လျှပ်စစ်ရောင်းရင်း စောင့်ခဲ့တယ်
၁၂ နှစ်ကို တွင်းထွက်ရောင်းရင်း စောင့်ခဲ့တယ်
၁၃ နှစ်ကို သစ်ခုတ်ရောင်းရင်း စောင့်ခဲ့တယ်
၁၄ နှစိကု ရွှေတူးရောင်းရင်း စောင့်ခဲ့တယ်
၁၅ နှစိကု အနိုင်ကျင့်ရင်း စောင့်ခဲ့တယ်
၁၆ နှစ်ကို ဂုတ်သွေးစုတ်ရင်း စောင့်ခဲ့တယ်
၁၇ နှစ်ကို လာဘ်ငွေစားရင်း စောင့်ခဲ့တယ်
၁၈ နှစ်ကို ဘဝတွေခါးရင်း စောင့်ခဲ့တယ်
ဝီစကီဟာ တိုင်းပြည်အရက်စည်ထဲမှာ
၁၈ နှစ် အကြာမှာ တိုင်းပြည်အရက်စည်ကို ဖောက်ကြ
ပြည်သူ ပြည်သားတွေ လက်ဆုံ၍ သောက်ကြတဲ့အခါ
ဝီစကီဟာ ဘာ တိုင်းပြည်အရသာမျိုးမှ မရှိဘူး၊ မမူးဘူး
ဘယ်လိုဖြစ်ရတာလဲလို့ သေချာဆန်းစစ် ကြည့်တဲ့အခါ
ဝီစကီဟာ တိုင်းပြည်အရက်စည်ကို အဖုံး မပိတ်ခဲ့လို့ပါ
အဖုံးဟာ တိုင်းပြည်ကို လေမသလပ်ဖို့ ကာကွယ်နေတဲ့
အခြေံဥပဒေပဲ။ လူထုရဲ့စိတ်ဓါတ်ထုထည်နဲ့ လုပ်ရတယ်
လူလည်တွေဟာ အဖုံးကို ကြံစည် လွှင့်ပစ်ထုတ်ခဲ့လို့ပေါ့
အခုတော့ ဝီစကီပျက်က သောက်လိုက်တိုင်း ထိုးအန်လို့
ဝီစကီအမှန် ပြန်ချက်ဖို့ အဖုံးကို လူထုအင်အားနဲ့ လုပ်တာ
ဝီစကီဟာ အရက်တစ်လုံးစာ ၁၈ နှစ်နောက်ကျသွားခဲ့ပါပြီ
ဒီမိုကရေစီ တံဆိပ်က ကပ်လိုက်ရင် ကွာ ကွာ ကျနေသလို
ဝီစကီဟာ ကိုယ်ပိုင်အရက်ကို အခုထိ မသောက်ရသေးဘူး
ပြင်ဆင် ဖြုတ်ချ အစားထိုး လုပ်ရိုးလုပ်စဉ်တွေနဲ့ပဲ မူးနေပြီ
မြန်မာဝီစကီကို မိမိ၏ တိုင်းပြည်တွင်းမှာ ချက်လုပ်သည်။ ။
သုအိုင်စံ
၁၁-၀၇-၂၀၁၄

Comments
Post a Comment