((( ဆွမ်းလောင်းပွဲ )))

((( ဆွမ်းလောင်းပွဲ )))

ငြိမ်းချမ်းစွာ
ရဟန္တာမှာ
မဆာလောင်လေတဲ့နည်း ရှိပေမဲ့
ရဟန်းဒကာမှာ
ပြာလောင်နေတဲ့မီး ရှိနေခဲ့တယ်

ငြိမ်းချမ်းစွာ
ရဟန်းဒကာဟာ
ဆွမ်းပေးပြီး တရားယူကာ
ရဟန္တာဟာ
ဆွမ်းယူပြီး တရားပေးတယ်
ငြိမ်းချမ်းစွာ
သောတပန်များဟာ
တနေရာဆီကိုပဲ ဈာန်နဲ့ကြွချီ
လောကဓံသားဟာ
မြေမှာဒီလိုပဲ ကျန်ခဲ့ရသည်
ငြိမ်းချမ်းစွာ
သဒ္ဒါတောင်တန်းမှာပေါက်တဲ့
လူပန်းကလေးတပွင့်ဟာ
သာသနာရောင်လွှမ်းကာတောက်တဲ့
အလှူလမ်းကလေးဖြစ်လာ
ငြိမ်းချမ်းစွာ
ခင်ဗျားလည်းပါခဲ့တယ်
ဘုရားလည်းလာခဲ့တယ်။ ။

သုနိုင်ငံ
၀၃-၀၄၂၀၁၆

Comments

Popular posts from this blog

((( ကိုယ်ပိုင်အကြွေး ))) === SELF-DEBT

((( သူမနှင့် ဖက်ဒရယ် မျက်နှာသစ်ခွက် )))

ိ္ကျိအမ၆ကန၅၆မကျမအ့နမ