((( ဗုဒ္ဒဝင် လော် )))
((( ဗုဒ္ဒဝင် လော် )))
နားလမ်းကြောင်းတွင်
တရား အရမ်းမောင်းဝင်နေ၏
လေထဲမှာ နိဗ္ဗာန် ရှိနေသလိုမျိုး
ဘုရားက
အဦးဆုံး ရိုးသားခဲ့ပေမဲ့
ခင်ဗျားက
အရူးဆုံး ဆိုးဝါးနေခဲ့
၆ ဘာသာ ဖိအားကြီးကို
ရုန်းထွက်ပြီး အောင်မြင်ဖို့ 
ကျုပ်တို့  အားလုံး
စာ ကုံးရုန်း ကျက်နေကြတယ်
ခင်ဗျား လော်ကြီးက
အော်ကျယ် အော်ကျယ်နဲ့ 
စာ--ကျက်--ပျက်
၂၀၁၅-၂၀၁၆ စာသင်နှစ်ထဲ
ဆယ်တန်းအောင်နှုန်းဟာ အနိမ့်ဆုံးပဲ
ဒီအတွက်
ဘုရားကိုလည်း တရား မစွဲချင်ပါ
ခင်ဗျားကိုလည်း တရား မစွဲချင်ပါ
ကျုပ်ပြောတာ နားလည်ရင်
အခု ပြင်ဗျာ။ ။
သုအိုင်စံ
၁၄-၁၀-၂၀၁၆
Comments
Post a Comment