((( မေတ္တာနဲ့ကာမ )))

((( မေတ္တာနဲ့ကာမ )))

အချစ်မေတ္တာ
သေချာမှုများနဲ့ အချစ်ဟာ
ရေလွှာထုအလား မေတ္တာ

အချစ်မေတ္တာ
မေတ္တာဟာ မခမ်းဘူး
မေတ္တာဟာ မနွမ်းဘူး
မေတ္တာဟာ မကြမ်းဘူး
မေတ္တာဟာ မရမ်းဘူး

အချစ်မေတ္တာ
ရေလွှာထုအရိပ်မှာပျော်ဝင်ရ
ထာဝရထာဝစဉ်
သေချာမှုသိက္ခာတော်စဉ်မြတ်

ရမ္မက်ကာမ
ရေပွက်ပမာနဲ့ အနေခက်သည့်အရာ
ရှည်ထွက်လာတဲ့ ရမ္မက်ကိလေသာ

ရမ္မက်ကာမ
ခါချလို့လည်း မကျွတ်ကင်းဘူး
တခါချ လို့လည်း မဝပ်ဆင်းဘူး

ခွပ်ပြီးရင် ခွပ်နေတဲ့မာန်ရိုင်း
စွပ်ပြီးရင်း စွပ်နေတဲ့ဈာန်လှိုင်း

ရမ္မက်ကာမ
ပွက်ပြီးခဏတာ ငုတ်လှိုးသွားပါလည်း
ပြီးရင်ပြန်တိုးပွားလာ
ရမ္မက်မီးထကာ လှုပ်နိုးကြားလာမြဲ

အချစ်မေတ္တာဟာ အစစ်ဖြစ်ကာ
ရမ္မက်ကာမက တသက်ထာဝရ

ကန်ထဲမှာ ရေပွက်ကြရာ
မြစ်ထဲမှာ ရေပွက်ကြရာ
ပင်လယ်ထဲမှာ ရေပွက်ကြရာ
သမုဒ္ဒရာထဲမှာ ရေပွက်ကြရာ
ဖိုနဲ့မရဲ့သွေးသားစိတ်စကြဝဠာ

ရမ္မက်ကာမက မဆုံးတဲ့ တပွက်တာ
အချစ်မေတ္တာက အဆုံးမဲ့ တသက်စာ
လူဆိုတာ ရေထဲကသတ္တဝါ။ ။

သုအိုင်စံ
၂၁-၀၃-၂၀၁၆

Comments

Popular posts from this blog

ိ္ကျိအမ၆ကန၅၆မကျမအ့နမ

((( ကိုယ္ပိုင္အေၾကြး ))) === SELF-DEBT

((( ပုရွက်ဆိတ်သေတသောင်းသည်=ဆင်သေတလောင်းနှင့် ညီ/မညီ )))