((( အမေ့ကို ရောင်းစားပြီးသွားပြီ )))

((( အမေ့ကို ရောင်းစားပြီးသွားပြီ )))

ငါတိုရဲ့
သွေးနဲ့ နှလုံးသားတွေက
ပြေးထွက် ရုန်းအားတွေနဲ့ဟေ့

ငါတို့ရဲ့
ဖြစ်တည်ခြင်းရဲ့ချည်တိုင်ဟာ
ငါတို့အတွက်
ဖြစ်တည်ရင်းနဲ့ခြေခိုင်ပါရဲ့လား

လွင့်ချင်တိုင်းလွင့်ဦးကွာ
ဖြစ်ချင်တိုင်းဖြစ်ဦးကွာ
သချိုင်းကုန်းက ခွင့်လွှတ်စွာ

အဝေးဆုံးကို လွင့်စင်သွားသလို
အနီးဆုံးဆီ ပစ်ဝင်နားခိုဖို့ရာ
သွေးတို့၏ ပင်မ ဗဟိုဌာနသို့
အရင်ကလို နဂိုမာနတို့နဲ့ ပြန်လာ

ချက်ကြိုးဖြတ်တဲ့နေရပ်၌
အသက်ထိုးအပ်သေလိုက်ကြရန်
ငါတို့၏
သုသာန်မှန်သမျှ မင်္ဂလာရှိနေကြဖို့ရာ

ငါတို့တွေ မွေးဖွားလာကြသလို
ငါတို့တွေ သေသွားကြပါမည်ဟု
ဆိုကတိပြုထားတဲ့ အလံတော်
သေသော်လည်းမလဲ ဆိုအံ့ငြား

ဘုရားတက်ဖူးနေကြ တောင်တွေ
ဘယ်ချောင် ရောက်ကုန်ကြပြီလဲဟေ့
ရေးဆင်းကူးနေကြ မြစ်တွေ
ဘယ်တွေ ပျောက်ကုန်ကြပြီလဲဟေ့

သားဆိုးတို့၏
ဇာတိသွေးဇာတိမာန်ဟာ
အမိမြေကို ပြန်ဝင် မြင်တာနဲ့
ခြံစည်းရိုး အပြင်မှာ လဲသေခဲ့တယ်။  ။

သုအိုင်စံ
၁၀-၀၁-၂၀၁၅

Comments

Popular posts from this blog

((( ကိုယ်ပိုင်အကြွေး ))) === SELF-DEBT

((( သူမနှင့် ဖက်ဒရယ် မျက်နှာသစ်ခွက် )))

ိ္ကျိအမ၆ကန၅၆မကျမအ့နမ