((( ဖားကန့်မြို့သစ် )))

((( ဖားကန့်မြို့သစ် )))

သိပ်တော်ကြတယ် သိပ်ပျော်ရတယ်
လေထဲမှာ တိုက်အိမ်ဆာက်ကြမယ်-ဟေ့

တိုက်အိမ်တလုံးကို တွဲလောင်း မ တင် နိုင်တဲ့
သွပ်လေထီးတစ်လက်ကို ပထမဆုံး တီထွင်ရမယ်
သံမဏိတောင်ပံနဲ့လုပ်ထားတဲ့ လေထီးအောက်မှာ
လူနေတိုက်အိမ်ကို တည်ဆောက်ပြီး တွဲလောင်းဆွဲရမယ်
မုန်တိုင်းတွေ မွှေပင့်လို့ အဝေးကို လွင့် မသွားနိုင်အောင်
လေထီးတလက်နဲ့တလက် ပူးကပ်ချည်နှောင်ရမယ်
တိုက်အိမ်တလုံးနဲ့တလုံး ပူးကပ်ချည်နှောင်ရမယ်

လေထဲကတိုက်အိမ်အစုလေးတွေ ဖြစ်လာမယ်
လေထဲကတိုက်အိမ်ရပ်ကွက်တွေ ဖြစ်လာမယ်
လေထဲကတိုက်အိမ်မြို့ငယ်လေး ဖြစ်လာမယ်
လေထဲကတိုက်အိမ်မြို့တော်ကြီး ဖြစ်လာမယ်

ဖားကန့်မြို့ဟောင်းဟာ
မြေကြီးနဲ့အတူ လုံးဝ ပျောက်ကွယ်သွားပြီး
ဖားကန့်မြို့သစ်ကြီးက
လေထီးအောက်မှာ တွဲလောင်းကြီး လေထဲ လွင့်နေတယ်

ကမ္ဘာ့အတော်ဆုံးလူမျိုးဆိုတာ
ကိုယ်နေထိုင်တဲ့ မြေကြီးကို ရောင်းစားပြီးမှ
လေထဲမှာ ရှင်သန်နေထိုင်တတ်တဲ့သူတွေကို ပြောတာ
အခု-- ဖားကန့်မြို့သစ်သားတွေပေါ့။   ။

သုအိုင်စံ
၁၉-၁၂-၂၀၁၅

Comments

Popular posts from this blog

ိ္ကျိအမ၆ကန၅၆မကျမအ့နမ

((( ကိုယ္ပိုင္အေၾကြး ))) === SELF-DEBT

((( ပုရွက်ဆိတ်သေတသောင်းသည်=ဆင်သေတလောင်းနှင့် ညီ/မညီ )))