((( တိမ်ကွဲတေး )))

(((တိမ်ကွဲတေး)))

တိမ် တစ်စိုင်စီ ပေါ်မှာ
ငါတို့ လူ လာဖြစ်တယ် ခင်။

လှမ်း မြင်နေရခြင်းလေးနဲ့ ပဲ
ရင်ထဲ ချစ်ခြင်း အမြစ်တွယ်ကပ်
သံလမ်း ၂ ချောင်းလို ဘဝအပေါ်
ဝဋ်ရထား ဖြတ်ကျော်သွားသလား။

ဆုတောင်းမယ်
စမ်းချောင်းထဲမှာ တွေ့မယ်လို့
မြစ်ကျဉ်း ထဲမှာ တွေ့မယ်လို့
ပင်လယ်ထဲမှာ တွေ့မယ်လို့
ဆုတောင်းတယ်

ငါကြွေကျရာက
ကန္တာရ
မင်းကြွေကျရာက
သမုဒ္ဒရာ
ဆုတောင်းဟာ ပို ကြေကွဲရာပဲ။

နောက်တခါ
မင်း
တိမ် ပြန်ဖြစ်တဲ့ အခါ
ငါ့ကို မရှာပါနဲ့

ငါ့ ကိုယ် ငါတောင်
ဘယ်ချောင်ရောက်မှန်း မသိ
ရှိစေတော့ ခင်။ ။

သုအိုင်စံ
၁၅-၀၃-၂၀၁၄

Comments

Popular posts from this blog

((( ကိုယ်ပိုင်အကြွေး ))) === SELF-DEBT

((( သူမနှင့် ဖက်ဒရယ် မျက်နှာသစ်ခွက် )))

ိ္ကျိအမ၆ကန၅၆မကျမအ့နမ