((( စစ်ကျန်ဂျိုင်းထောက် )))
((( စစ်ကျန်ဂျိုင်းထောက် )))
ငါ့ ရေဗူး ထဲမှာ ဗူးအပြည့်ဟာ
သောက်ရေကွာ
မင်း ရေဗူး ထဲမှာ ဗူးအပြည့်ဟာ
သောက်အရက်ကွာ
မင်း ရေဆာတော့ ငါတိုက်သွားပြီး
ငါ အရက် ငတ်တော့ မင်းတိုက်သွားတယ်
သေပြီးသား အလောင်းကောင်ရယ်လိုပဲကွာ
သေမှာကို မတွေးပဲ ရဲရဲတိုက်ခဲ့တာ
မင်းနဲ့ငါ နှစ်ယောက်တည်း
ပျောက်ကြားသွားပစ်တုန်းကလည်း
ဝုန်းကနဲ ပစ်ပြီးလို့
ကောက်ကနဲ ထ ပြေးတော့လည်း
နောက်ကျတဲ့ ခြေထောက်ဟာ သစ္စာဖောက်ပဲ
ရှေ့ရောက်တဲ့ ခြေထောက်ဟာ သစ္စာမဖောက်မြဲ
တွဲခဲ့တယ် ငါ့ရဲဘော်
ရဲခဲ့တယ် ငါ့ရဲဘော်
မဟာမိတ်တပ်က
မိုင်းထောင်တပ်ကြပ်ကြီး စောငထုံက
မြေပုံမေ့သွားတဲ့ မိုင်းကိုမှ
မင်းက တက်နင်း ခွဲလိုက်တာ
ငါဟာလည်း ၅ ကိုက်လောက် လွင့်သွားတာ
မင်း ကို ငါ ထမ်းပြန်ခွင့်မဲ့သွားပေါ့
ခွင့်လွှတ်စရာ မလိုလို့ ခွင့်မလွှတ်နဲ့တော့ကွာ
အဲဒီတုန်းက ငါ့ ဝေဒနာ သိပ်နာကျင်နေရဲ့
ထုံသွားအောင် အရက်သောက်ချင်မိခဲ့တာ
မင်း ပြန်ပါမလာတော့တာ ငါ သိနေပေမဲ့
မျက်ရည်ဟာ ပေါင်ကသွေးလို မြေပေါ်ကို ပေါက်ကနဲကျ
ငါ ပြန် ထလိုက်တယ်၊ မင်းကို မေ့လိုက်တယ်၊
ဒရွတ်တိုက် တရွေ့ရွေ့ရယ်
ငါ့ကိုယ်ငါ လြုံခုံရာ ပြန်သယ်လာခဲ့တယ်
သို့...
သစ္စာကြီးလေး ဦးအခိုက်ရဆုံး ညာခြေရေ
စစ်ဟာ မပြီးသေးဘူး တိုက်ကြတုန်း တခါတလေမှာ
ဘယ်ခြေဟာ မင်းကို လွမ်းနေမိရဲ့
တော်လှန်ရေးထဲမှာ
ငါတို့ဟာ ကြက်ကန်းရမ်းခွပ်တာ မဟုတ်ခဲ့ကြောင်း
တချို့ ဝေလေလေတွေဟာ လေ့လာရကောင်းမှန်း မသိ
အခု ပေါင်တို ငါ့ရဲ့ အခန်းမှာ ရှိနေတယ်
မင်း မစီးတဲ့ စစ်ဖိနပ် ညာတဖက်ဟာ
စစ်ထုတ်ကုန်လူရိုးချောင်းတွေလို ပဲ ထပ် ပုံနေခဲ့တာ
အဲဒါ...သမိုင်းကြောင်းကို ဖျောက်ဖျက်ရေးချင်နေသူတွေ
သိပ်မုန်းနေတဲ့ ငါတို့ရဲ့တော်လှန်ရေးသစ္စာပဲ
မကြာပါဘူးကွာ
မင်းနောက်သာ ငါ လိုက်လာတော့မယ် ရဲဘော်...
ဖောက်ပြန်သူတွေရဲ့ ခြေရာယုတ်တွေ တဝုန်းဝုန်း
နေပြည်တော်ကုန်းစုတ်မှာ သွားပေါ်နေတာ
ငါအမုန်းဆုံးပဲ။ ။
သုအိုင်စံ
၀၆-၁၀-၂၀၁၆
Comments
Post a Comment