(((အသုံးမကျမှုများ (၁)))) ၂ ၃

(((အသုံးမကျမှုများ (၁))))

(၁) ဆိုသော ကိန်းဂဏန်း၏
သိဒ္ဓိ၊တန်ဖိုး၊သိက္ခာတော်က
သိပ် ကြီးမြတ် ကိန်းစိုး လှပေမဲ့
(၁ ကျပ်) ဆိုသော ပမာဏ၏
အရာရောက် အရေးပါမှုကား
သန်း ၆၀ စိတ်မဝင်စားတော့။ ။

၂၀၁၄

(((အသုံးမကျမှုများ (၂))))

ခဲတံတွေလည်း ကုန်ခဲ့
ခဲဖျက်တွေလည်း ကုန်ခဲ့
စာရွက်တွေလည်း ကုန်ခဲ့
နာရီတွေလည်း ကုန်ခဲ့
ဖတ်မရတဲ့ တိုင်းပြည်ပျက်။ ။

၂၀၁၃

(((အသုံးမကျမှုများ (၃))))

ကြံနိုင်တဲ့ အား မရှိတော့
မဏ္ဍိုင်ရဲ့ ခါး ထိတာပေါ့
လူထုရဲ့အစာအိမ်
အူလိမ်နေပြီ။ ။

၂၀၁၄

Comments

Popular posts from this blog

ိ္ကျိအမ၆ကန၅၆မကျမအ့နမ

((( ကိုယ္ပိုင္အေၾကြး ))) === SELF-DEBT

((( ပုရွက်ဆိတ်သေတသောင်းသည်=ဆင်သေတလောင်းနှင့် ညီ/မညီ )))