((( တိမ် )))
((( တိမ် )))
F A M I L Y တဲ့
ဘယ်လိုစာလုံးပေါင်းသလဲ
ငါ့အင်္ဂလိပ်စာက မေတ္တာမွဲတယ်
ဖေဖေရယ် မေမေရယ် မမကြီးရယ်
သားက မေတ္တာကျောင်း မတက်ခဲ့ရတာ
သိပ်ပြီးတော့ကို ကျေးဇူးတင်ပါတယ်
ဒါကြောင့်ပဲ သားက
လောကထဲ ယောနသံဇင်ယော် ဖြစ်ခဲ့ပါပြီလေ
အဲဒီမှာ (အချိုးအဆ) ဆိုတာကို လေ့လာခဲ့တယ်
ဒီလိုလေးပါ
ကောင်းကင်ကျယ်နဲ့
တောင်ပံငယ်ဟာ
တစ်ရွယ်တည်းပဲ
ရဲတယ်ဆိုရင် တဲ့
သိပ် ရဲတာပေါ့
ရင်အုံမှာ မျှားတန်းလန်းစိုက်နဲ့
သူရဲ့ နောက်ဆုံးတောင်ပံရိုက်ခတ်ချက်က
ကောင်းကင်ကို အက်ကွဲခေါင်းစိုက်သွာစေခဲ့တာ
ယောနသံဇင်ယော်ငယ်ဟာ ဝေဟင်သူရဲကောင်း
သူ့ဦးခေါင်းက လေထဲလွင့်ပျယ်ပျောက် မြေမကျရောက်
မေတ္တာငတ်ခဲ့ဖူးသူငယ်တယောက်ရဲ့ရာ ဝဇင်ဟာ
ကောင်းကင်မှာ တိမ်ဘာသာနဲ့ ကဗျာကဗျည်းတင်ထားတယ်
ဖတ်ချင်ရင်တော့ သူ့လို ကျင်ရမှာပေါ့ ကလေးရာ
ဒါနဲ့
F A M I L Y ကို ဘယ်လို စာလုံးသလဲ
ဒီအသက်ဒီအရွယ်အထိ ငါမတတ်ခဲ့တဲ့ မေတ္တာ
ယောနသံဟာ ရင်နာမယ်ထင်လား
မှားတယ်...။ ။
သုအိုင်စံ
၂၀၁၄
Comments
Post a Comment