((( ကန်ရေသောက်သူများ )))

((( ကန်ရေသောက်သူများ )))

အင်းလျားကန်ထဲကို
တစ်တိုင်းပြည်လုံးက ကြွတ်သတ်ဆေးတွေ သွန်ထည့်ကြ
မြန်မာပြည်သားတွေ အားလုံး ဝိုင်းသောက်ကြ

မန္တလေးကျုံးထဲကို
တစ်တိုင်းပြည်လုံးက ကြွတ်သတ်ဆေးတွေ သွန်ထည့်ကြ
မြန်မာပြည်သားတွေ အားလုံး ဝိုင်းသောက်ကြ

အင်းလေးကန်ထဲကို
တစ်တိုင်းပြည်လုံးက ကြွတ်သတ်ဆေးတွေ သွန်ထည့်ကြ
မြန်မာပြည်သားတွေ အားလုံး ဝိုင်းသောက်ကြ

မြစ်ကြီး ၄ သွယ်ကို
တရုတ်က ဝယ်လို့ ရောင်းစားလိုက်ပြီကိုး
ကန်ရေကိုပဲ အားကိုးခဲ့ရ
အခုတော့...ငါတို့တွေ အားလုံး လွပ်လပ်ပြီ။ ။

သုအိုင်စံ
၁၀-၀၉-၂၀၁၄



Comments

Popular posts from this blog

((( ကိုယ်ပိုင်အကြွေး ))) === SELF-DEBT

((( သူမနှင့် ဖက်ဒရယ် မျက်နှာသစ်ခွက် )))

ိ္ကျိအမ၆ကန၅၆မကျမအ့နမ