((( သိုင်းပြောင်းပြန်/ပြန်ပြောင်းသိုင်း )))

((( သိုင်းပြောင်းပြန်/ပြန်ပြောင်းသိုင်း )))

စပါးတွေလည်း ထွက်တယ်
ငါတို့ ထမင်းငတ်နေတုန်း
စစ်သားတွေလည်း ထွက်တယ်
ငါတို့ မလုံခြုံတုန်း
ရဲသားတွေလည်း ထွက်တယ်
ငါတို့ ခြောက်ခြားနေရတုန်း

ကျောက်စိမ်းတွေလည်း ထွက်တယ်
ငါတို့ မပိုင်တော့ဘူး
ဓါတ်ငွေ့တွေလည်း ထွက်တယ်
ငါတို့ မပိုင်တော့ဘူး
ကျွန်းသစ်တွေလည်း ထွက်တယ်
ငါတို့ မပိုင်တော့ဘူး

စပါးတွေ အသိမ်အဖျင်း များလာတဲ့အခါ
အဲဒါတွေကို ငါတို့ ပိုင်တယ်
စစ်သားတွေ ပို နည်းလာတဲ့အခါ
ငါတို့ဘဝ ပို လုံခြုံလာတယ်
ရဲသားတွေ လာဒ်ယူ နည်းလာတဲ့အခါ
ငါတို့ဘဝ လိပ်ပြာ ပိုသန့်လာတယ်

ကျောက်စိမ်းတွေက ဘာအရောင်လဲ
ငါတို့ တိုင်းပြည်ကြီးကို
ငါတို့ ဘယ်တော့ ပြန်ပိုင်မလဲ
ဓါတ်ငွေ့တွေကို ဘယ်လို သုံးရလဲ
ငါတို့ တိုင်းပြည်ကြီးကို
ငါတို့ ဘယ်တော့ ပြန်ပိုင်မလဲ
ကျွန်းသစ်တွေက ဘယ်လို မီးမွှေးရလဲ
ငါတို့ တိုင်းပြည်ကြီးကို
ငါတို့ ဘယ်တော့ ပြန်ပိုင်မလဲ

အခွံပဲ ကျန်တော့တဲ့အခါ
ငါတို့ တိုင်းပြည်ကြီးကို ငါတို့ ပြန်ပိုင်မယ်
(မြန်မာပြည်) လား (ပြည်မာမြန်) လား
ငါတို့ တိုင်းပြည်ကြီးဟာ
(ပြည်မာမြန်) လား( မြန်မာပြည်) လား
ငါတို့ တိုင်းပြည်ကြီးကို ငါတို့ ပြန်ပိုင်မယ်
အခွံပဲ ကျန်တော့တဲ့အခါ

ငါတို့ဟာ
ပြောင်းပြန်သမားတွေပဲ
ပြန်ပြောင်းသမားတွေပဲ
ငါတို့ဟာ
သိုင်းပြောင်းပြန်ကို ကျွမ်းကျင်တယ်
ပြန်ပြောင်းသိုင်းကို ကျွမ်းကျင်တယ်
ငါတို့ တိုင်းပြည်ကြီးဟာ (မြန်မာပြည်) ပဲ
ငါတို့ တိုင်းပြည်ကြီးကို (ပြည်မာမြန်) လို့လည်း ခေါ်ရဲ့
(တရုတ်အသံထွက်လိုလို/ကုလားအသံထွက်လိုလိုနဲ့)။

ထွဏ်းသွေးအိမ်(၂၅-၁၂-၂၀၁၃)သုအိုင်စံ

Comments

Popular posts from this blog

ိ္ကျိအမ၆ကန၅၆မကျမအ့နမ

((( ကိုယ္ပိုင္အေၾကြး ))) === SELF-DEBT

((( ပုရွက်ဆိတ်သေတသောင်းသည်=ဆင်သေတလောင်းနှင့် ညီ/မညီ )))