((( အလွမ်း ၁၃ )))
((( အလွမ်း ၁၃ )))
ငါ့နဘေးရဲ့ ရေဒီယိုမှ
အသက် ၁၂နှစ်အရွယ် ကလေးငယ်တစ်ယောက်
ဓါတ်ဆီ ရှူ ၍ ဦးနှောက်ကြောပြတ် သေဆုံးသွားကြောင်း
အင်္ဂလိပ်စကားလုံးများနဲ့ ကြေငြာသွားစဉ်
ရန်ကုန်ဘူတာကြီးနဲ့
မန္တလေး မဟာမြတ်မုနိဘုရားဝန်း တဝိုက်
အုပ်စုလိုက် အုပ်စုလိုက်
မြန်မာစကားလုံးများနဲ့ ကော်ရှူ နေတဲ့ ကလေးငယ်များ
နိုင်ငံတော် အစိုးရကြီးက ကယ်တင်နိုင်စေသား
လောလောဆယ် အရက်မူးနေတဲ့ ငါ့ဆုတောင်းကို
ထိုသမ္မတကြီးနဲ့ နိုင်ငံတော့်ဝန်ကြီးများကရော
ကြားရဲ့လား
ဘုရားတွေ နားပင်းနေတာ ဖြစ်မယ်။ ။
သုအိုင်စံ
၀၃-၀၂-၂၀၁၅
Comments
Post a Comment