((( မသောက်ပဲ မူးတဲ့ကဗျာ )))

((( မသောက်ပဲ မူးတဲ့ကဗျာ )))

တာဝန်တွေအပြီး ဇာတိမြေမှာ မျိုးဆက်ဖွားရန်
ပင်လယ်က ပြန်တက်လာတဲ့ ဆယ်လ်မွန်ငါးက
မိုင်ရှည်ခရီးလွန်လာပြီး ရေတံခွန် မြင့်မားကြီးကို
လွှားကနဲ လေထဲမှာ ခုန်ပျံကျော်တက်ဖို့ကြိုးစား
ရေလည်ကျောက်တုံးပေါ်က ဆာနေတဲ့ ဝက်ဝံက
အလိုက်သင့် ကျွမ်းကျင် ပါးနပ်စွာ ပါးစပ်ကို ဟထား
သဘာဝတရား ကိုယ်တိုင်ကိုက မတရားတဲ့တရား။ ။

သုအိုင်စံ
၁၃-၀၄-၂၀၁၆

-

Comments

Popular posts from this blog

((( ကိုယ်ပိုင်အကြွေး ))) === SELF-DEBT

((( သူမနှင့် ဖက်ဒရယ် မျက်နှာသစ်ခွက် )))

ိ္ကျိအမ၆ကန၅၆မကျမအ့နမ