((( ဒွိအသိ )))

((( ဒွိအသိ )))

သိပ္ပံရုံထဲက ခုန်ထွက်လာတဲ့
နေတစ်စင်း
မသေမချင်း လင်းမယ်

စိတ်ဈာန်ဘုံထဲက ခုန်ထွက်လာတဲ့
နေတစ်စင်း
မသေမချင်း လင်းမယ်

လူ့ဦးနှောက်ထဲရောက်တော့
တစ်လုံးက နေမှောင်
တစ်လုံးက နေလင်း
ဖြေရှင်းမရတဲ့ ဒွိညီမျှခြင်းကဝေ

လူသည်
အလျှော့အတင်းကို ချော့ရင်းနဲ့ စစ်ချီ
လူသည်
ကျော့ကွင်းကို ဆော့ရင်းနဲ့ ဖြစ်တည်
တောင်ပံတစ်ကောင်၏ခရီးကား
ထောင်စံ ထောင်ဝိနည်းများ နှင့်အညီ

ဤသုံညဘုံအတိကား
ချီတုံချတုံအသိတရားတို့နှင့် ပြီး၏။   ။

သုအိုင်စံ
၀၉-၀၉-၂၀၁၂

Comments

Popular posts from this blog

((( ကိုယ်ပိုင်အကြွေး ))) === SELF-DEBT

((( သူမနှင့် ဖက်ဒရယ် မျက်နှာသစ်ခွက် )))

ိ္ကျိအမ၆ကန၅၆မကျမအ့နမ