((( ရွေးလို့ ဝေး/ ဝေးလို့ဆွေး )))
((( ရွေးလို့ ဝေး/ ဝေးလို့ဆွေး )))
ကြီးကျယ် ချေးများတဲ့ အချစ်ဟာ၊
ညှိမရလေတော့
အပြီး တကယ်ဝေးသွားတဲ့ အဖြစ်မှာ၊
အတိအကျသေပေါ့
အချစ်လူနာတစ်ယောက်ဟာ
စစ်ကူအလာ စောင့်ရှာခဲ့
သူ့ကို ချစ်သူဟာ
သူ့ကို စစ်ကူလာခဲ့
စစ်ကူလာတဲ့ တပ်ခွဲမှာ ဒဏ်ရာ သွေးပွက်များနဲ့
အချစ်လူနာဘက်ကပဲ ချန်ကာ ပြေးထွက်သွားခဲ့
စစ်ကူလာခဲ့တဲ့ တပ်သားတစ်ဦးလည်း
စစ်ပူရှာခဲ့တဲ့ ဘဝအား မူးလဲခဲ့
အချစ်လူနာတစ်ဦးတည်း ဘဝလမ်းလယ်ထက်
ခေတ်လူနာ အထူးပဲ ဇတ် ဆန်းကြယ်ခဲ့
နှလုံးသားအဖျားနဲ့ ကင်ဆာအချစ်ဆိုးရယ်က
အရှုံးသမားများရဲ့ ရင်မှာအမြစ်ပိုး တွယ်ကပ်
အခုတော့ အချစ်က
၂ ဖက်စလုံး ဘယ်လောက် ကြိုက်ကြိုက်
၂ ဖက်စလုံး စစ်တိုက် မထွက်တော့ဘူးတဲ့
သိပ်အရှက်သန်နေတာ မဟုတ်လောက်ပါ တဲ့
စိတ်အသက် ပြန်သေမှာ အဟုတ်ကြောက်လာခဲ့
ရင်ခုန်ချက်တွေကို လည်ပင်း ညှစ်သတ်ထားခဲ့ကြ
နွဲ့ပြုံးနှုတ်ဆက်ခြင်းတွေအတွက် ၊ မကြိုက်မိအောင်၊၊ မခံစားပြခဲ့၊
မျက်လုံးကုတ်မဲ့ရင်း နေခဲ့၊ မိုက်ကြည့်ဆောင်၊ ကန်ထားကြရဲ့၊
ဒါပေမဲ့
အချစ်လူနာသေရဲ့ဘဝထဲမှာ
စစ်ကူကို လွမ်းရင်းဆွေးမြင်နေတုန်းပဲတဲ့
စစ်ကူလာသေတဲ့ တပ်ခွဲဟာ
ချစ်သူကို လမ်းရှင်းပေးချင်နေတုန်းပဲတဲ့
၂ လောင်းစလုံး ထဲက
အသဲနှလုံးဟောင်းပုတ်စော် တစ်နံ့တည်း မွှန်ကာချဉ်စူး
စစ်တိုက်ပဲ ထွက်ချင်ပါဦးလားဟဲ့ အချစ်တပ်သားရာ
အချစ်မိုက်မဲနဲ့ အစဉ်သာ ရူးသွားတဲ့ ဖြစ်ရပ်များမှာ
စစ်တပ်ရဲ့အမိန့်ပြန်တမ်းအား
သေနတ်စုကာဖောက် အတွဲလိုက်ပစ် ရမ်းမွှေ့တဲ့အခါ
အချစ်ဘဝနဲ့ စိတ်အမှန်အနမ်းများ
ဘဝတစ်ခုစာလောက် ဆွဲပိုက်ညှစ် နမ်းပွေ့ဖက်ပါ
သွားလိုရာ သွားတော့ နယ်ကန်တဲ့ ချစ်မေတ္တာသေများ
ကောင်းရာသုဂတိ နယ် စံစားစေသားပေါ့
တကယ်တော့---
သွားအကျိုးဟာ အမဲရိုးကို ကိုက်ခဲ့ဖို့ ကောင်းတယ်။ ။
သုအိုင်စံ
၀၈-၀၃-၂၀၁၄
Comments
Post a Comment