((( အရောင်များရဲ့ထွက်ကုန် )))
((( အရောင်များရဲ့ထွက်ကုန် )))
(၁)
ပန်းချီရေးသူတွေထဲက
၂ ဦးဟာ သူ့မိဘဖြစ်တယ်။
မတော်တဆ ပြုတ်ကျခဲ့တာလား
ရည်ရွယ် အစပြုခံခဲ့ရတာလား
ကင်းဘတ်ဖြူပေါ်က ဆေးတစ်စက်
သူဖြစ်တယ်။
အဖေနဲ့အမေဟာ
အဲဒီဆေးစက်ကို ချယ်မှုန်းအသက်သွင်း
သူကြီးပြင်းတယ်။
အဖေ့ရဲ့ တွေးဆချက်တွေ
အမေ့ရဲ့ စုတ်ချက်တွေနဲ့
မေတာတွေ စိုလက်နေတဲ့ပန်းချီကား
သူဟာ သူမဟုတ်သေးပါလား။
(၂)
ကိုယ့်ဘ၀ကိုယ်ရေး ဆိုပြီး
စုတ်တံနဲ့ ပညာတွေပေးခဲ့
မိဘတွေ ထွက်ခွာသွားတဲ့နေ့မှာပဲ
ပန်းချီကားဟာ ပန်းချီထရေးတယ်
ငါဟာ ငါဖြစ်ပြီလို့လည်း
သူ ကြွေးကြော်လိုက်သေးရဲ့
သူ့ကိုယ်ပိုင် အယူအဆတွေနဲ့
သူ့ပုံကို ခံစားကြည့်လိုက်တဲ့အခါ
(ဥပမာ...မကြိုက်ဘူးဆိုပါစို့)
အဖြူသက်သက် ဖုံးအုပ်လိုက်လို့လည်း မရ
အမဲသက်သက် သုတ်ပစ်လိုက်ဖို့လည်း မလုပ်အပ်
လက်ရှိလက်ရာလေးကိုပဲ ချဲ့ထွင်ဖန်ဆင်း
ရှင်သန်ခြင်းဆိုတာ
ပုံသွင်းခံရပြီးသား
အသစ်စက်စက် ရေးဟန်တစ်ချက်ပဲ။
(၃)
ရွေးချယ်ခဲ့တဲ့ ရပိုင်ခွင့်လား
ငြင်းပယ်မရခဲ့တဲ့ တာဝန်လား
ဘ၀ဆိုတာ
ကိုယ်မစခဲ့ရတဲ့
ကိုယ့်ရေးလက်စ ပန်းချီကားပေါ့
ဖြစ်တည်မှုထဲမှာ အကျဉ်းကျနေတဲ့
ဖြစ်ခြင်းခံ ဖြစ်တည်သူအဖြစ်နဲ့
ဘယ်လူဟာ လွပ်လပ်ခဲ့ပါသလဲ
သေချာတယ်
ဘောင်သေတစ်ခုခုထဲမှာ
အရောင်အစုစုတွေနဲ့ ယှက်ဖြာပေါင်းစပ်
လူဆိုတာ
သူကိုယ်တိုင် အရေးခံနေရတဲ့
ဒုတိယ ပန်းချီဆရာဖြစ်တယ်။ ။
သုအိုင်စံ
၂၀၀၃
(၁)
ပန်းချီရေးသူတွေထဲက
၂ ဦးဟာ သူ့မိဘဖြစ်တယ်။
မတော်တဆ ပြုတ်ကျခဲ့တာလား
ရည်ရွယ် အစပြုခံခဲ့ရတာလား
ကင်းဘတ်ဖြူပေါ်က ဆေးတစ်စက်
သူဖြစ်တယ်။
အဖေနဲ့အမေဟာ
အဲဒီဆေးစက်ကို ချယ်မှုန်းအသက်သွင်း
သူကြီးပြင်းတယ်။
အဖေ့ရဲ့ တွေးဆချက်တွေ
အမေ့ရဲ့ စုတ်ချက်တွေနဲ့
မေတာတွေ စိုလက်နေတဲ့ပန်းချီကား
သူဟာ သူမဟုတ်သေးပါလား။
(၂)
ကိုယ့်ဘ၀ကိုယ်ရေး ဆိုပြီး
စုတ်တံနဲ့ ပညာတွေပေးခဲ့
မိဘတွေ ထွက်ခွာသွားတဲ့နေ့မှာပဲ
ပန်းချီကားဟာ ပန်းချီထရေးတယ်
ငါဟာ ငါဖြစ်ပြီလို့လည်း
သူ ကြွေးကြော်လိုက်သေးရဲ့
သူ့ကိုယ်ပိုင် အယူအဆတွေနဲ့
သူ့ပုံကို ခံစားကြည့်လိုက်တဲ့အခါ
(ဥပမာ...မကြိုက်ဘူးဆိုပါစို့)
အဖြူသက်သက် ဖုံးအုပ်လိုက်လို့လည်း မရ
အမဲသက်သက် သုတ်ပစ်လိုက်ဖို့လည်း မလုပ်အပ်
လက်ရှိလက်ရာလေးကိုပဲ ချဲ့ထွင်ဖန်ဆင်း
ရှင်သန်ခြင်းဆိုတာ
ပုံသွင်းခံရပြီးသား
အသစ်စက်စက် ရေးဟန်တစ်ချက်ပဲ။
(၃)
ရွေးချယ်ခဲ့တဲ့ ရပိုင်ခွင့်လား
ငြင်းပယ်မရခဲ့တဲ့ တာဝန်လား
ဘ၀ဆိုတာ
ကိုယ်မစခဲ့ရတဲ့
ကိုယ့်ရေးလက်စ ပန်းချီကားပေါ့
ဖြစ်တည်မှုထဲမှာ အကျဉ်းကျနေတဲ့
ဖြစ်ခြင်းခံ ဖြစ်တည်သူအဖြစ်နဲ့
ဘယ်လူဟာ လွပ်လပ်ခဲ့ပါသလဲ
သေချာတယ်
ဘောင်သေတစ်ခုခုထဲမှာ
အရောင်အစုစုတွေနဲ့ ယှက်ဖြာပေါင်းစပ်
လူဆိုတာ
သူကိုယ်တိုင် အရေးခံနေရတဲ့
ဒုတိယ ပန်းချီဆရာဖြစ်တယ်။ ။
သုအိုင်စံ
Comments
Post a Comment