((( ဇတ်ကွက် )))

((( ဇတ်ကွက် )))

နှစ်ဆယ်သုံးနှစ်ပိုင်းတစ်ပိုင်းဒီဂရီ
တိမ်းစောင်းနေရသည်
လူတွေဟာ ခေါင်းစဉ်ကိုယ်စီနဲ့
နှစ်ဆယ်လေးနာရီတစ်ပတ်
လည်ပတ်နေရသည်
လူတွေဟာ အရှိန်ကိုယ်စီနဲ့
ကမ္ဘာဟာ ရပ်နားလို့ မရတော့ပေမဲ့
လူတွေက ထပ်သွားလို့ မရတော့ဘူး
ပတ်သက်ခဲ့ဖူးသော တစုံတရာမှာ
လူဟာ ဇတ်ကောင်လည်း မဟုတ်
လူဟာ ပရိတ်သတ်လည်း မဟုတ်
ဇတ်ကွက်လေးတစ်ပုဒ် ဖြစ်နေသည်
ဘုရားသခင်သာလျှင် အကယ်ဒမီရသွား
ဇတ်ကား၏ အမည်က ဘာတဲ့လဲကွာ

တချိန်ချိန်မှာ
ကမ္ဘာဟာ ရပ်နားလို့ရသွားတာကို
လူတွေက မကြုံတွေ့လိုက်ရပါလား
အဲဒါ ဇတ်ကားအမည် ဖြစ်နိုင်တယ်။   ။
သုအိုင်စံ
၂၈-၁၂-၂၀၁၄

Comments

Popular posts from this blog

((( ကိုယ်ပိုင်အကြွေး ))) === SELF-DEBT

((( သူမနှင့် ဖက်ဒရယ် မျက်နှာသစ်ခွက် )))

ိ္ကျိအမ၆ကန၅၆မကျမအ့နမ