((( အမှန်ဗဟိုချက်များအား ကန်ဖြိုထွက်သွားတဲ့တရား )))

((( အမှန်ဗဟိုချက်များအား
ကန်ဖြိုထွက်သွားတဲ့တရား )))
ဗုဒ္ဒပုံကို
လက်ဝါးမှာ ညှပ်ပြီး ဓါတ်ပုံ ရိုက်တင်လိုက်ပါ
မင်းကို လူတွေ ချစ်ကြလိမ့်မယ်

ဗုဒ္ဒပုံကို
ခြေဖဝါးမှာ ညှပ်ပြီး ဓါတ်ပုံ ရိုက်တင်လိုက်ပါ
မင်းကို လူတွေ မုန်းကြလိမ့်မယ်
အဲဒါဆို ဒီကဗျာကို
"နေရာ" လို့ ခေါင်းစဉ်ပေးရမလား
"လက်ဟာ ခြေထက်မြတ်တယ်" လို့ ပေးရမလား
မနေ့က--- လက် မရှိလို့
ခြေထောက်နဲ့ စာမေးပွဲဖြေနေတဲ့ ကောင်လေးဟာ
ဘုရားကို ခြေထောက်နဲ့ ရှိခိုးလို့ရသလား....။   ။
သုအိုင်စံ
၁၅၀-၀၃-၂၀၁၆

Comments

Popular posts from this blog

((( ကိုယ်ပိုင်အကြွေး ))) === SELF-DEBT

((( သူမနှင့် ဖက်ဒရယ် မျက်နှာသစ်ခွက် )))

ိ္ကျိအမ၆ကန၅၆မကျမအ့နမ