((( ၈၈ဝန်းကျင် ကဗျာများ )))

((( ၈၈ဝန်းကျင် ကဗျာများ )))

သူတို့ရှေ့မှာ
ပူပူနွေးနွေး ပြည်ပျက်သွေးပွက် ခေတ်ပြောင်းစနစ်ပြင်
ရင်နင့်စရာ ၁၉၈၈ သမိုင်းသစ်တည် မြန်မာပြည်၏
ကမ္ဘာသိသော အရေးအခင်းကြီး ဆိုတာ ရှိတယ်...

သူတို့ရှေ့မှာ
တိရိစ္ဆာန်အတွေးအခေါ်နဲ့ အမိန့်သံကြွေးကြော်လျှက်
စစ်ငရဲယန္ဒယားဆောက်တည် တိုင်းပြည်ကြီးကို ဖျက်ဆီးနင်းချေ
သက်ဆိုးရှည်နေတဲ့ စစ်အာဏာရှင်ဆိုး ဆိုတာ ရှိတယ်...

သူတို့ရှေ့မှာ
အုပ်ချုပ်သူညစ်တွေနဲ့ အစိုးရအဆက်ဆက်ရဲ့ ယုတ်ပတ်မှုကြောင့်
ဆုတ်ယုတ်သူ ဖြစ်နေတဲ့ အမျိုးဘဝ အပျက်ပျက်နဲ့ စုတ်ပြတ်မှုအောက်
ငုတ်တုတ် လူဖြစ်နေတဲ့ အဆိုးဘဝ အခက်ခက်နဲ့ ဒုက္ခစုရောက်နေတဲ့
ပြည်သူလူထုရှိတယ်...

သူတို့ရှေ့မှာ
မွဲတေပြီး လဲသေကာ အနာဂတ်ရဲ့ မျှော်လင့်ချက်သေနေတဲ့
ပိန်ချုံးပြီး အိမ်ပုန်းနေကာ ဗလာဘဝနဲ့ ရော်ရင့်ပျက်ကြွေနေတဲ့
ဆင်းရဲတွင်းနက်ထဲကျ ပြန်မထူထနိုင်တဲ့ အမိနိုင်ငံတော်  ရှိတယ်...

သူတို့ဟာ
သူတို့ရဲ့နိုင်ငံ ဘေးသင့်နေတဲ့ ကဗျာဆရာတွေ ဖြစ်တယ်
အဲဒါတောင်
သူတို့ဟာ သူတို့ရဲ့ နိုင်ငံရေးဖြစ်နေတဲ့ ကဗျာတွေ မရေးဘူး
တခါက
ခြင်္သေ့တစ်ကောင် ဦးဆောင်တဲ့ ၃၃ လမ်းမှ ၁၀၉ / ၁၁၀ ရေးရာ
သွေးပေတဲ့ နိုင်ငံရေးတွေ သိပ် မပါနဲ့ မောင်ရင်--ထောင်ကျဖို့များသတဲ့
ရေးနေတဲ့ ကဗျာတွေ သိက္ခာ မမဲ့အောင်တမင်--ဟောင်ကြစို့လား
ကွဲ့
စောက်ကြီးစောက်ကျယ်နဲ့ လေသလပ်သွားတဲ့ အရက်ဖြူ ခွက်များ
ကာရန်နဲ့လား ကာရန်မဲ့လား ဗလာကဗျာများ
လေထန်ကုန်းမှ လေအန်ကုန်းထလာသော ဗလာဆရာများ
ထန်းရည်ဆိုတာ ဝါးခွက်နှင့် သောက်ရသော ဒသနများ
ထန်းပင်ထိပ်ဖြားမှ ထင်းရူးရိပ်သဏ္ဍာန်များ
ပေါ်တင်နိုင်ငံရေးမလုပ်တဲ့စကားဝှက်စာသား
သတ္တိနည်းသော ဝှက်ထားတဲ့ဓါးလို သွေးနုသားနု မော်ဒန်တု။    ။

သုအိုင်စံ
၀၅-၀၇-၂၀၁၄

Comments

Popular posts from this blog

ိ္ကျိအမ၆ကန၅၆မကျမအ့နမ

((( ကိုယ္ပိုင္အေၾကြး ))) === SELF-DEBT

((( ပုရွက်ဆိတ်သေတသောင်းသည်=ဆင်သေတလောင်းနှင့် ညီ/မညီ )))