((( အမျိုးသားစာပေဆု )))

((( အမျိုးသားစာပေဆု )))

စာအုပ်နဲ့ စာချုပ်ခဲ့မိ တာလား
စာအုပ်ထဲမှာ စာချုပ်ကျနေ တာလား
စာအုပ်ထဲကစာသားဟာ

(တော်လှန်ရေး) ဆိုတဲ့ ယုံကြည်ချက်အလံကို ထူ
စာသားတွေဟာ--- စာအုပ်ကို ဆွဲဆုတ်ချင်နေသူ

(အဖျက်သမား) ဆိုတဲ့ ဂုဏ်ဆိုးကို လုပ်ကြံတံဆိပ်ကပ်
စာအုပ်ဟာ--- စာသားတွေကို စာအုပ်ထဲက ထုတ်ပယ်နေကြ

အဲဒီလို အလံထူနေတဲ့စာသားတွေ
အင်အားကြီးမားကာ အုပ်ဖွဲ့အားတောင့်လာရင်တော့
ထင်ရှားပြီးသားစာအုပ်ဟာ ပျောက်ပျက်သုန်းသွားတာပေါ့

အဲဒီလို လုပ်ကြံတံဆိပ်ကပ်နေတဲ့ စာအုပ်ကို
အဖုံးထူထူ စာရွက်များများနဲ့ ချုပ်ဖွဲ့ထားရင်
စာသားတွေ တဖြုတ်ဖြုတ်နဲ့ ဘေးရောက်ပျက်စီးသွားတာပေါ့

စာအုပ်ထဲကစာသားဟာ
စာအုပ်ထဲမှာ စာချုပ်ကျနေ တာလား
စာအုပ်နဲ့ စာချုပ်ခဲ့မိ တာလား

စာအုပ်ထဲကစာသား---ခင်ဗျားဟာ
ခင်ဗျားဟာ စာလုံးတလုံးလား၊ စကားလုံးတလုံးလား
ခင်ဗျားဟာ စာဝါကျတခုလား၊ စာဝါကျအစုလား
ခင်ဗျားဟာ စာတပိုဒ်တည်းလား၊ စာအပိုဒ်တွဲလား
ခင်ဗျားဟာ စာပုဒ်တဆုပ်လား၊ စာအုပ်တအုပ်လား
ခင်ဗျားဟာ စာတွေနဲ့စာအုပ်လား၊ ဗလာတွေနဲ့စာအုပ်လား
ခင်ဗျားဟာ---စာအုပ်ထဲကစာသား

စာသားတွေဟာ စာအုပ်ထဲမှာနေပြီး
စာအုပ်ဟာ စာသားတွေနဲ့ ဖွဲ့စည်းကာ
စာပေရေးရာယဉ်ကျေးမှု ကြီးဖြစ်လာရတာပဲ မဟုတ်လား
ကဲ-တော်လှန်နေသော-စာသားတွေ-ခင်ဗျားတို့-ဖြေပါ၊
ကဲ-ဖွဲ့စည်းရှိတည်နေတဲ့-စာအုပ်ကြီးရေ-ခင်ဗျား-ဖြေပါ၊
အမှားစုနေထိုင်လှုပ်ရှားတဲ့ ဆိုးဝါးကမ္ဘာမြေတခု ပေါက်ဖွားတာ
တရားဥပဒေကိုင်ချုပ်ထားတဲ့ အမျိုးသားစာပေဆုကြောင့်လားဗျာ

ဒီမှာ ဒီလောက ဒီလူ့ကမ္ဘာဟာ
မနုသတွေရဲ့ ပြသနာများစွာ ပေါင်းစုံ စုရပ်မှာ
ရှုပ်ပွနေတဲ့ အက္ခရာများဟာ ပေါင်းဆုံ စုကြကာ
ကဗျာတွေ စာတွေနဲ့ စာပေနိုင်ငံတော်ကို ဖျက်ဆီးဖြိုဖျောက်ကြ
ကဗျာတွေ စာတွေနဲ့ စာပေနိုင်ငံတော်ကို ဖွဲ့စည်းတည်ဆောက်ကြ
တယောက်မှ အသုံးလုံး မကြေသော တော်လှန်ရေးသမားတွေကြောင့်
တယောက်မှ ဝ လုံး မရေးတတ်တဲ့ ငြိမ်းချမ်းရေး တည်ဆောက်နိုင်ခဲ့သည်
မြန်မာပြည်ရဲ့ဂုဏ်ကျက်သရေရှိ အမျိုးသားစာပေဆုမြတ်
လူတိုင်းလောဘတက်နေတဲ့ ဒီမိုကရေစီကို လူတိုင်းမသုံးတတ်သေးဘူး
အဆိုးဆုံးကတော့
မမောင်းတတ်သေးတဲ့ မြန်မာပြည်သုံးတဲ့ အက္ခရာတွေကို
ကျောင်းမအပ်သေးတဲ့ မြန်မာတပြည်လုံးရဲ့ ပြသနာတွေပေါ့ကွာ
နိုင်ငံ့သွေးနဲ့ ယှက်လုပ်-သွန်းထားတဲ့ အမျိုးသားစာပေဆုဆိုတာ
နိုင်ငံရေးရဲ့ ဂယက်ပုတ်-ကျွမ်းသွားတဲ့ ဆိုးဝါးနာတွေစုနေတဲ့ကဗျာပဲ--
ဟေ့ရောင်-ကဗျာဆရာ-ပြုပြင်တည်ဆောက်ရေးကာလဆိုတာ
မင်း-ကွေ့ရှောင်သွားလို့ မရတဲ့ ရန်ကုန်ဘူတာကြီးပဲ--
လူတကာဟာ နိုင်ငံရေးနလန်မထသေးဘူး--လဲနေတုန်းပဲ
လူတကာဟာ နိုင်ငံရေးဒဏ်မဝသေးဘူး--မွဲနေတုန်းပဲ
တွဲလုံးပြည့်တာဝန်များနဲ့ ဆွဲရုန်းရွေ့သွားမဲ့ ရထားလို နွားလို
ခင်ဗျားကို အမျိုးသားစာပေဆု ပေးလိုက်တယ်...ရုန်း။   ။

သုအိုင်စံ
၁၆-၁၁-၂၀၁၆

Comments

Popular posts from this blog

ိ္ကျိအမ၆ကန၅၆မကျမအ့နမ

((( ကိုယ္ပိုင္အေၾကြး ))) === SELF-DEBT

((( ပုရွက်ဆိတ်သေတသောင်းသည်=ဆင်သေတလောင်းနှင့် ညီ/မညီ )))