((( မျဉ်းဝိုင်းပေါ်ကအစက် )))

((( မျဉ်းဝိုင်းပေါ်ကအစက် )))

အပတ်အရေအတွက်လည်း
မဟုတ်သလို
အလျှားအရှည်အဆက်လည်း
မဟုတ်သေးပြန်ဘူး
ပြေးနေတဲ့အစက်အပြောက်များ
လူသားတယောက်ကား
ရပ်ထားလို့ မရစွာ ထပ်သွားခဲ့ပါရဲ့
ထပ်သွားလို့ မရစွာ ရပ်နားခဲ့ပါရဲ့
အပတ်အရေအတွက်လည်း
မဟုတ်သလို
အလျှားအရှည်အဆက်လည်း
မဟုတ်ဘူး
လူ--စောက်ရူးဟာ
သူ--လျှောက်ဖူးခဲ့တယ် ဘဝကို။   ။

သုအိုင်စံ
၀၃-၀၇-၂၀၁၇

Comments

Popular posts from this blog

((( ကိုယ်ပိုင်အကြွေး ))) === SELF-DEBT

((( သူမနှင့် ဖက်ဒရယ် မျက်နှာသစ်ခွက် )))

ိ္ကျိအမ၆ကန၅၆မကျမအ့နမ