((( ဒေါ်ခင်ဝင်းသချိုင်းလုပွဲ )))
((( ဒေါ်ခင်ဝင်းသချိုင်းလုပွဲ )))
ဘော်ဒိုဇာက-- Made In China
ထန်းရည်ပင်က--- Made In Burma
တိုက်ပွဲနေရာက မြေလတ်အညာဒေသ
တိုက်ပွဲ တိုက်ပွဲ တိုက်ပွဲ
ဘော်ဒိုဇာနဲ့ ထန်းရည်ပင်တို့ရဲ့တိုက်ပွဲ
ထန်းရည်ပင်က ပဒေသရာဇ်စနစ်ကို
အမြစ်တွယ် အားယူလာခဲ့တဲ့
မြေအောက်က ရာစုချီ မြေစိုက်အားနဲ့
ဘော်ဒိုဇာက လူသန်းတထောင်ရဲ့လောဘတွေကို
မောင်းတံတပ် မြှားဦးချွန်ယူလာတဲ့
ဘာရရအကုန်ယူ ကျူးကျော်အားနဲ့
ဘော်ဒိုဇာနဲ့ ထန်းရည်ပင်တို့ရဲ့တိုက်ပွဲ
( တိုက်ပွဲ ကြိုးဝိုင်းအလယ်ခေါင်မှာ
ဝိညာဉ်ဒေါ်ခင်ဝင်း အလံထောင်ပြ)
ဘော်ဒိုဇာက ပက်ခွက်နဲ့ ပြေးဆောင့်တယ်
ထန်းရည်ပင် ခေါင်းနဲ့ တောင့်ခံတယ်
ဘော်ဒိုဇာက ပက်ခွက်နဲ့ ပြေးဆောင့်တယ်
ထန်းရည်ပင် ခေါင်းနဲ့ တောင့်ခံတယ်
ထန်းရည်ပင်ဟာ ဂျွမ်း ၃ ပတ်လည်ပြီးဦးစိုက်သွား
ထန်းပင်ပေါ်က ထန်းတက်သမားက
ဝါး ၃ ပင်စာ အဝေးကမှာ ခေါင်းစိုက်လဲပုံသေသွား
ဘော်ဒိုဇာကြီး ပါးပြင်းတောင် မြည်ဟီး တဟားဟား
လောင်းကြေးအားလုံးကို ဦးပိုင်ကုမ္ပဏီက စားသွား
အညာသားတွေ ကားကားကြီး
မြေလတ်မှာ အစိမ်းသေသေ
မြန်မာပြည်သူတွေ အမျှမဝေနိုင်သေးဘူး။ ။
သုအိုင်စံ
၀၂-၀၅-၂၀၁၆-
Comments
Post a Comment