((( မြေညီထပ်မှာ၊ အရင်လိုပဲ၊ အရင်းအတိုင်း၊ ဗလုံးဗထွးဝေဝါး၊ ဂစ်တာတီးထားမယ်၊ ဘဝကို။ )))

((( မြေညီထပ်မှာ၊ အရင်လိုပဲ၊ အရင်းအတိုင်း၊
ဗလုံးဗထွးဝေဝါး၊ ဂစ်တာတီးထားမယ်၊ ဘဝကို။ )))

အပေါ်ထပ်မှာ
အဖြူစင်ဆုံး အရောင်လှိုင်းထုထည်နဲ့
အလင်းနံရံတံတိုင်းတစ်ခုရဲ့အလည်
မှာ
ရုပ်မဲ့နာမ်မဲ့သဏ္ဍာန်ဂီတသံစဉ်မျာ
လူရဲ့ ညာဖက် နားနဲ့ နားဆင်နေရတယ်

မြေညီထပ်မှာ
အဝေဝါးဆုံး အရောင်လှိုင်းထုထည်နဲ့
တံလျှပ်နံရံတံတိုင်းတစ်ခုရဲ့အလည်မှာ
လူအသွင်သဏ္ဍာန်ဂီတသံစဉ်များ
လူရဲ့ ရင်ခုန်သံပါးပါးနဲ့ နားဆင်နေရတယ်

အောက်ထပ်မှာ
အမဲနက်ဆုံး အရောင်လှိုင်းထုထည်နဲ့
အမှောင်နံရံတံတိုင်းတစ်ခုရဲ့အလည်မှာ
ငရဲတိရိစ္ဆာန်ဟန်ဂီတသံစဉ်များ
လူရဲ့ ဘယ်ဖက် နားနဲ့ နားဆင်နေရတယ်

လူသားကို လာရောက်ပတ်သက်တဲ့ ဂီတသံစဉ်ဟာ
ညာဖက် နားက ဝင်ပြီး ဘယ်ဖက် နားက ထွက်သွားရင်
လူသားကို လာရောက်ပတ်သက်တဲ့ ဂီတသံစဉ်ဟာ
ဘယ်ဖက် နားက ဝင်ပြီး ညာဖက် နားက ထွက်သွားရင်
ရင်ခုန်သံပါးပါးနဲ့ နားဆင်နေတဲ့ ဂီတသံစဉ်အရင်းဓမ္မဟာ
ဒီဘဝထံတွင် ငြင်းမရစွာ ရေသောက်မြစ်တည် ကျန်တယ်
အဝေဝါးဆုံးရဲ့တံလျှပ်နံရံတံတိုင်းတစ်ခုရဲ့အလည်မှာ
တီးလုံးတိုင်းဟာ ယောင်ချာချာ လည်စွာ အသံပြု ထွက်
ထွက်ပေါက်မဲ့မှုအသိနဲ့ ဖျက်ဖောက်ထွက်မှု မရှိတဲ့ မာန်ဟာ
မြေညီထပ်မှာ လူရဲ့ ရင်ခုန်သံပေါ် ပြန် ပြုတ်ကျသွားတယ်
မြေညီထပ်မှာ လူရဲ့ နှလုံးခုန်သံပေါ် ပြန် အုပ်ချသွားတယ်
ဝေဝါးလုံးထွေးနေတဲ့ လူ့ဘဝတံလျှပ်အဓိပ္ပါယ်တီးကွက်မျာ
အခုအိုသေတဲ့ ပြီးပျက်သူလို၊ နုပျိုနေတဲ့ ခရီးဆက်သူ စတင်
အူတူတူ အတတ မကျင်မလည် မထူးမချွန် မနိုင့်တနိုင်နဲ့
ရူးသွပ်တဲ့ နွံအိုင်ထဲက ဂီတနဲ့ ဒီဘဝကို
ဆိုလိုက်ကြ တီလိုက်ကြမယ် ပျော်လိုက်ကြ ပျင်းလိုက်ကြမယ်
ဂစ်တာကို မရိုက်ခွဲရုံ တမယ်ပါပဲ
မြေညီထပ်မှာ၊ အရင်လိုပဲ၊ အရင်းအတိုင်း၊
ဗလုံးဗထွးဝေဝါး၊ ဂစ်တာတီးထားမယ်၊ ဘဝကို။။ ။

သုအိုင်စံ
၁၇-၀၁-၂၀၁၅

Comments

Popular posts from this blog

ိ္ကျိအမ၆ကန၅၆မကျမအ့နမ

((( ကိုယ္ပိုင္အေၾကြး ))) === SELF-DEBT

((( ပုရွက်ဆိတ်သေတသောင်းသည်=ဆင်သေတလောင်းနှင့် ညီ/မညီ )))