((( ဖဲသေ )))

((( ဖဲသေ )))

လေထုထဲမှာ
တခုမှ မရှိတော့
မိုးပျံခွင့်ပေးတာပေါ့
ပျံရန်
တောင်ပံ မပေးဘူးလေ
မြေထုထဲမှာ
တစုံတခု ရှိတော့
မြေလျှိုးခွင့်မပေးဘူးပေါ့
တူးရန်
ဆောက် စူး မပေးဘူးလေ
လောဘကြီးသည့်
အရာရာမက်တဲ့ လူသားက
လောကကြီး၏
ဗလာသက်သက် ယူသွားရ
အထုပ်အပိုးများနဲ့
ဘဝဖြစ်အင်ဆိုတာလည်း
ပုတ်သိုးသွားမဲ့
ဓမ္မကျင့်စဉ်လိုပါပဲ
ခင်ဗျားအမြင်လည်း
အလကားပဲ
ဘုရားသခင်လည်း
အလကားပဲ
မသွားလည်း ရောက်မှာပဲ
မပျောက်လည်း ပျက်မှာပဲ
ဆွဲမနေနဲ့ ပွတ်မနေနဲ့ ဟေ့လူ
ဆွဲဆုတ်ခံထားရတဲ့ လူသားဟာ
ဘာဖဲတက်တက် ဗူသွားတာ ပဲ။   ။
သုအိုင်စံ
၁၅-၀၅-၂၀၁၄

Comments

Popular posts from this blog

((( ကိုယ်ပိုင်အကြွေး ))) === SELF-DEBT

((( သူမနှင့် ဖက်ဒရယ် မျက်နှာသစ်ခွက် )))

ိ္ကျိအမ၆ကန၅၆မကျမအ့နမ