(((ဝင်ရိုးများ)))

(((ဝင်ရိုးများ)))

အရာရာဟာ
သုံည ဒီဂရီနဲ့ လှည့်ပတ်မှ မှန်ပေမဲ့
ကမ္ဘာကတော့
၂၃ ၁/၂ ဒီဂရီနဲ့ လှည့်ပတ်မှ မှန်လေရဲ့
စာအုပ်မှားတွေ ကျက်မှတ် ရွတ်ဆိုကာ
ဘုရားဖြစ်သွားသူကိုသာ ကိုးကွယ်လာကြ
လူဆိုတာက
ဘယ်လောက် ဒီဂရီနဲ့ လှည့်ပတ်သွားနေရလဲ
သင်ထားတဲ့
သချာင်္အဖြေရဲ့ကျမ်းမှာလည်း ရှာမကြည့်နဲ့
အရှင်ဘုရားရဲ့
တမင်ညာနေတဲ့ ကျမ်းစာထဲ မပါရှိခဲ့
အတွေးအခေါ်နဲ့ ချိန်ကြည့်တဲ့အခါ
အချိန်အခါမှာ
အလေးချိန် ဘယ်လောက်မှ အတိုင်းအတာ မရှိပါ
ကျိန်စာဟာ
အမှေးအမှိန် အတောက်အပ နှိုင်းစာ မကြည့်ပါ
လူဆိုတာ
အတောင်မရပ်မနား လေဆန်ထဲမှာ ခပ်လျှက်
ဘဝရဲ့တွဲ ဆက်နေတဲ့ ခဏဝယ်
ဘောင်ခတ်မထား နေလျှံထဲ ကာလရဲ့
ဓမ္မစက်ထဲ ထည့်မွှေလှည့်ပတ်တယ်
ထောင်ချထား သေဒဏ်မြဲ မာနရဲ့
ဗလ အက်ကွဲ ပဲ့ကြွေ စက်ရပ်မယ်

ဘယ်လောက် ဒီဂရီနဲ့ပဲ ဖြစ်ဖြစ်ပေါ့
ဘယ်လောက် ဒီဂရီနဲ့ပဲ ပျက်ပျက်ပေါ့
တချက်တော့ရှိတယ်
အရာရာလို တစုံတခုဟာ လည်နေရမယ်။ ။


သုအိုင်စံ
၂၆-၀၃-၂၀၁၄

Comments

Popular posts from this blog

((( ကိုယ်ပိုင်အကြွေး ))) === SELF-DEBT

((( သူမနှင့် ဖက်ဒရယ် မျက်နှာသစ်ခွက် )))

ိ္ကျိအမ၆ကန၅၆မကျမအ့နမ