((( စေ့စပ်ရေးပွဲများ (၂) )))

((( စေ့စပ်ရေးပွဲများ (၂) )))

သူပုန်ရဲ့ ကွန်ပြူတာက Myanmar Fonts မရဘူး
အစိုးရက မြန်မာ့အရေးကိစ္စမို့ English လို မပြောချင်ဘူး
အဲဒါနဲ့ပဲ Burglish နဲ့ပြောကြရတော့
လိုရာမရောက် အချိန်တွေပိုကြာကုန်တယ်
အဓိပ္ပါယ်တွေဝေဝါး မှတ်ယူမှားကုန်တယ်
ပိုဆိုးတာက အစိုးရက မြို့သား ဘန်းစကား ကျွမ်းတယ်
သူပုန်က တောသားမို့ စကားရည်မလည် အူတူတူ အတတ
Burglish  နဲ့ပဲပြောရတော့ ပိုပြီးခက်ခဲတာပေါ့
တခါဆွေးနွေးလည်း အဖြေမရ
ဆယ်ခါဆွေးနွေးလည်း အဖြေမရ
ဒါပေမဲ့ Burglish ကိုပဲ ဆက်သုံးနေကြရတယ်
Online chatting မှာတောင် ဒီလောက် ခက်ခဲနေရင်
အပြင်မှာဆို ဒိထက် ပိုဆိုးနိုင်တာပေါ့
သူ့ဘက် ကိုယ့်ဘက် ၂ ဖက်အားနည်းချက်တွေကြောင့်
Burglish ဆိုတဲ့
မျိုးမစစ်ကောင်က ငြိမ်းချမ်းရေးကို ဒုက္ခပေးနေတယ်

တကယ် နှစ်ဖက်စလုံး စေတနာမှန်တယ်ဆို
ကိုယ့်အားနည်းချက်ကိုယ် ဖြည့်စွက်ပြင်လိုက်ပါလား
ဘာလဲ.....ပြည်သူတွေ ကောင်းစားမှာ စိုးရိမ်လို့လား။   ။

သုအိုင်စံ
၁၂-၀၁-၁၃

Comments

Popular posts from this blog

ိ္ကျိအမ၆ကန၅၆မကျမအ့နမ

((( ကိုယ္ပိုင္အေၾကြး ))) === SELF-DEBT

((( ပုရွက်ဆိတ်သေတသောင်းသည်=ဆင်သေတလောင်းနှင့် ညီ/မညီ )))