((( ခါးတဲ့ခေတ် )))

((( ခါးတဲ့ခေတ် )))

သူ့ အပင်ထဲက ခုန်ထွက်လာတဲ့ အရိပ်ကောင်းအောက်မှာ
ကန္တာရဘဝဖြတ်သန်းလာရတဲ့အပူများအာ
အပူ အပူချင်း အေးမြနွှဲပျော်စေတာ
လူတို့ ကိုယ်တိုင်
ပတ်သက် မြင်ထားခဲ့ဖူးတဲ့ ကမ္ဘာပဲ

လူ့ ရင်ထဲက ခုန်ထွက်လာတဲ့
စိတ်ကောင်းအောက်မှာ
ဒဏ်ရာရဘဝဇတ်လမ်းမှာကတဲ့လူသားအား
လူ လူချင်း ဖေးမတွဲခေါ်နေတာ
လူတို့ ကိုယ်တိုင်
ပတ်သက် သင်ကြားခဲ့ဖူးတဲ့ ကဗျာပဲ

သစ်ပင်လည်း သေခဲ့တယ်
လူလည်းသေ သေခဲ့တယ်
လေညှင်း နဲ့  နေအလင်းကတော့
သေလူနဲ့ သူ့ တို့ ရဲ့ အကြောင်းကို
ပြောဆိုဖို့  နေခဲ့တယ်

သဘာဝလေညှင်းထဲက
လူ့ သမိုင်းကောင်းကို ကြားလား
သဘာဝနေအလင်းထဲက
လူ့ သမိုင်းကြောင်းကို ကြားလား

ကျန်ခဲ့ရှာတဲ့ ကမ္ဘာဟောင်းဟာ
ပြန်လှည့်မလာတဲ့ ကဗျာကောင်းပါ

ဖြစ်ခဲ့ကြတဲ့ အတိတ်သမိုင်းဟာ
မြင့်မြတ်ခြင်းနဲ့ လှနေကာ
ပစ္စက္ခရဲ့  စိတ်ရိုင်းဟာ
ညစ်ပတ်တွင်းနက်ကျနေတာ

တိမ်ပျက်၍ကောလာတဲ့
လူ့ သုတ်စအတွင်းရှိ ဇ မှာ
အချိန်နဲ့ ရွေ့ မျောလာတဲ့
သူ့ ယုတ်ပတ်ခြင်း၏ အစဟာ
ပို ပို သန်မာလာလို့ ပဲ

ကျန်ခဲ့ရှာတဲ့ ကဗျာဟောင်းဟာ
ပြန်လှည့်မလာတဲ့ ကမ္ဘာကောင်းပါ
ကဗျာအသစ်မှာ ကမ္ဘာညစ်လာရ
အညစ်အလှအား ချစ်တတ်သွားရန်
ရင်ကိုဖွင့်  စိတ်ကို အစစ်အမှန်ထား
အပင်ကိုလွှင့် ထိပ်ကို အမြင့်ပျံသွား
အဆိပ်မျိုရင် ခါးရဲ့ 
အခါး အခါးချင်း
အားသွင်းတတ်ဖို့ တော့ လိုတယ်။  ။

သုအိုင်စံ
၁၃-၁၀-၂၀၁၆

Comments

Popular posts from this blog

((( ကိုယ်ပိုင်အကြွေး ))) === SELF-DEBT

((( သူမနှင့် ဖက်ဒရယ် မျက်နှာသစ်ခွက် )))

ိ္ကျိအမ၆ကန၅၆မကျမအ့နမ