((( ရွယ်တူလေ့းထောင်ကွက်များ )))
((( ရွယ်တူလေ့းထောင်ကွက်များ )))
A B O AB
သွေးလီ ၄ မျိုးဟာ နီရဲတူနေခဲ့
ရေ မြေ လေ မီး
ဓါတ်ကြီး၎သွယ်ဟာ မှီတွဲထူနေခဲ့
ရှေ့ နောက် တောင် မြောက်
ရပ် ၄ထောင့်ဟာ ညီတွဲတူနေခဲ့
ဒုက္ခ သမုဒယ နိရောဓ မဂ္ဂ
၎ ရပ်သစ္စာ တည်မြဲမူနေခဲ့
ရွယ်တူ ၄ ထောင့်စတုဂံကွက်ထဲကို
ရွယ်တူ ၄ ထောင့်စတုဂံကွက်တွေ
ထည့်သွပ်မရလေတာ
အထွေထွေအာကာသဥပဒေပါ
တစုံတရာရဲ့ ထုထည်အိမ်အား
တစုံတရာနဲ့ ထုငယ်ပိန်သွားလို့ မရ
ဒီမှာ ပိန်ရင် ဟိုမှာ ဖောင်းမြဲ
တခန္ဒာ တလောင်းစီကွဲတယ်
သို့--- ရွယ်တူလေးထောင့်ကွက်များငဲ့
တယောက်ရဲ့နယ်ပယ်နဲ့ အနားတွေကို
တယောက်က
ချယ်လှယ်လျက် မဖဲ့စားလေနဲ့ကွာ။ ။
သုအိုင်စံ
၂၀၁၆
Comments
Post a Comment