((( လူ=သစ်ပင် )))

((( လူ=သစ်ပင် )))

(လူ)
အစဉ်အလာအရ ရှင်လာရတဲ့ အပင်သဘာဝပါ
လူဆိုတာ
ခေါင်းစဉ်မဲ့ အလေ့ကျပေါက်ပင်လား
ပေါင်းသင်တဲ့ စနစ်တကျပျိုးပင်လား
သစ်ပင်ရဲ့သဘောက ရှင်သန်တယ်
သစ်တောရဲ့ သဘောက ညီညွတ်တယ်
သစ်ပင်ရဲ့ဖြစ်စဉ်မှာ အရွက် ရိက္ခာ ဌာန အတိတ် အသီး ပုံသဏ္ဍာန်အသက်
သစ်ပင်ရဲ့ကျင့်စဉ်မှာ အရှက် သိက္ခာ မာန စိတ် နည်း ယုံကြည်ချက်
စိမ်းလန်းတဲ့ သစ်တောမှာ အချစ်တေးတွေ လွင့်နေတယ်
မငြိမ်းချမ်းတဲ့ သစ်တောဟာ စစ်ဘေးတွေ သင့်နေတယ်။

(သစ်ပင်)
သူ့ ကြမ္မာအရ ပြုလာရတဲ့ လူ့သဘာဝပါ
သစ်ပင်ဆိုတာ
မတော်တဆ ထ ပေါက်ဖွားတဲ့ သက်ရှိအမျိုးမဲ့လား
ဖော်စပ်ချဆောက်ထားတဲ့ လက်ရှိမျိုးဆက်လား
လူရဲ့သဘောက ရှင်သန်တယ်
လူ့ကမ္ဘာရဲ့ သဘောက ညီညွတ်တယ်
လူရဲ့ဖြစ်စဉ်မှာ အရွက် ရိက္ခာ ဌာန အတိတ် အသီး ပုံသဏ္ဍာန်အသက်
လူရဲ့ကျင့်စဉ်မှာ အရှက် သိက္ခာ မာန စိတ် နည်း ယုံကြည်ချက်
စိမ်းလန်းတဲ့ လူ့ကမ္ဘာမှာ အချစ်တေးတွေ လွင့်နေတယ်
မငြိမ်းချမ်းတဲ့ လူ့ကမ္ဘာဟာ စစ်ဘေးတွေ သင့်နေတယ်။

(လူ=သစ်ပင်)
အသိသဘောအရ သစ်ပင်စိုက်တဲ့ သစ်ခုတ်သမားဟာ
လူသုံး ပရိဘောဂဖြစ်သွားတဲ့ သစ်ပင်ပေါ့ကွာ
သစ်သားအခေါင်းနဲ့ လူသားအလောင်းဟာ မရဏကာရန်။ ။

သုအိုင်စံ
၀၂.၀၄.၂၀၁၂

Comments

Popular posts from this blog

ိ္ကျိအမ၆ကန၅၆မကျမအ့နမ

((( ကိုယ္ပိုင္အေၾကြး ))) === SELF-DEBT

((( ပုရွက်ဆိတ်သေတသောင်းသည်=ဆင်သေတလောင်းနှင့် ညီ/မညီ )))