((( အမွှာညီနောင် လက်သီးထိုးပွဲ )))
((( အမွှာညီနောင် လက်သီးထိုးပွဲ )))
အစား အမြှောက် အပေါင်း အနှုတ် တွေနဲ့
တရားပျောက် ခေါင်းရှပ် လာခဲ့တာလား.......
အားလုံးဟာ
အဖြေဟာ မရေရာသော်လည်း
အားလုံးဟာ ပါဝင်ခဲ့ကြ
မေးခွန်းဟာ ဝေးလွန်းသော်လည်း
အားလုံးဟာ ဖြေဆိုခဲ့ကြ
တွက်နည်းတွက်ပုံတွေ အဖွဲ့အစည်းပျက်ကုန်ပေမဲ့
အာလုံးဟာ ပတ်သက်ခဲ့ကြ
သုံညဖြစ်ဖြစ် ဝလုံးဖြစ်ဖြစ်
ဂုဏ်ဒြပ်အစစ်နဲ့ ဘဝသုံးစစ်သည်
ခေတ်အလီလီ သမိုင်းအဆက်ဆက်
အာဏာရှင် တိုက်ဖျက်ရေးမှသည်
တိုင်းပြည် ပြန်ထူထောင်ရေးဆီသို့
ညီမျှခြင်းတွေ ပုံသေနည်းတွေနဲ့
ဒီဘဝသီချင်းကို ပုံသေငြီးမဆိုလေနဲ့
ပညာရပ်သင်္ချာနယ်မှာ မင်း
မင်းသတ္တိနဲ့ မင်း
ဘာသာရပ်စာပေနယ်မှာ ငါ
ငါ့သိက္ခာနဲ့ငါ
ဝလုံးတွေ ကျဆုံးသေခဲ့တဲ့ သင်္ချာမြေ မှာ
သုံညတွေ ခုန်က အောင်ပွဲခံနေရဲ့
လိုရင်ဆွဲသုံးပြီး
မလိုရင် ဆဲမုန်းတဲ့ မင်းတို့ကို မကြိုက်ဘူးကွာ။ ။
(ပြည်တွင်းကကောင် နှင့် ပြည်ပကကောင် များသို့)
သုအိုင်စံ--- ၁၃-၀၉-၂၀၁၂
အစား အမြှောက် အပေါင်း အနှုတ် တွေနဲ့
တရားပျောက် ခေါင်းရှပ် လာခဲ့တာလား.......
အားလုံးဟာ
အဖြေဟာ မရေရာသော်လည်း
အားလုံးဟာ ပါဝင်ခဲ့ကြ
မေးခွန်းဟာ ဝေးလွန်းသော်လည်း
အားလုံးဟာ ဖြေဆိုခဲ့ကြ
တွက်နည်းတွက်ပုံတွေ အဖွဲ့အစည်းပျက်ကုန်ပေမဲ့
အာလုံးဟာ ပတ်သက်ခဲ့ကြ
သုံညဖြစ်ဖြစ် ဝလုံးဖြစ်ဖြစ်
ဂုဏ်ဒြပ်အစစ်နဲ့ ဘဝသုံးစစ်သည်
ခေတ်အလီလီ သမိုင်းအဆက်ဆက်
အာဏာရှင် တိုက်ဖျက်ရေးမှသည်
တိုင်းပြည် ပြန်ထူထောင်ရေးဆီသို့
ညီမျှခြင်းတွေ ပုံသေနည်းတွေနဲ့
ဒီဘဝသီချင်းကို ပုံသေငြီးမဆိုလေနဲ့
ပညာရပ်သင်္ချာနယ်မှာ မင်း
မင်းသတ္တိနဲ့ မင်း
ဘာသာရပ်စာပေနယ်မှာ ငါ
ငါ့သိက္ခာနဲ့ငါ
ဝလုံးတွေ ကျဆုံးသေခဲ့တဲ့ သင်္ချာမြေ မှာ
သုံညတွေ ခုန်က အောင်ပွဲခံနေရဲ့
မရှက်ဘူးလား
လိုရင်ဆွဲသုံးပြီး
မလိုရင် ဆဲမုန်းတဲ့ မင်းတို့ကို မကြိုက်ဘူးကွာ။ ။
(ပြည်တွင်းကကောင် နှင့် ပြည်ပကကောင် များသို့)
သုအိုင်စံ--- ၁၃-၀၉-၂၀၁၂
Comments
Post a Comment