((( ရောင်နီခေါင်းစိုက် )))

((( ရောင်နီခေါင်းစိုက် )))

တဝက်တံတားတွေက
ဆက်သွားလို့ မရတော့ဘူး... သမ္မတကြီး
တဝက်လမ်းတွေက
ဆက်လှမ်းလို့ မရတော့ဘူး... သမ္မတကြီး

သားသမီး အစာအိမ် ၂ခုနဲ့
မိဘ အစာအိမ် ၂ခု ထိန်းပေးနိုင်ရုံကလွဲ
အမေ့အပ်ချုပ်ဆိုင်ဟာ
ထပ်လုပ်နိုင်တာ ဘာမှ မရှိဘူး

သားသမီး ၂ဦး လက်ရှိပညာရေးနဲ့
မိဘ ၂ဦး လက်ရှိကျမ္မာရေး ထိန်းပေးနိုင်ရုံကလွဲ
အဖေ့ ဘတ်စကားအစုတ်ဟာ
ထပ်ပွားထုတ်နိုင်တာ ဘာမှ မရှိဘူး

၈ တန်းအောင်သွားတဲ့ သမီးငယ်
အဆင်ပြေသေးတယ်ဆိုပေမဲ့
၁၀ တန်းအောင်သွားတဲ့ သားကြောင့်
ပြသနာအသစ် ရောက်လာတယ်

၅၁၅ မှတ်နဲ့ ၁၀တန်းအောင် ကျောင်းသားက
ဘာဆက်ရလုပ်ရမှန်း မသိအောင် ခေါင်းစားရ
တက္ကသိုလ်ထဲမှာက ထိုက်တန်တဲ့ ပညာတွေရှိပေမဲ့
မိသားစုထဲမှာက ပိုက်ဆံနဲ့ အသပြာငွေ မရှိလေခဲ့

ရင်မှာ မျော်လင့်မိ
ပညာတော်သင်ခေတ် ရှိ/ မရှိဆိုတာ
မသေချာပေမဲ့
အသပြာပုံထပ်ထားနိုင်ခဲ့ရင်
ပညာစုံတတ်သွားနိုင်တဲ့အပြင်
အလုပ်လည်းမိုက်နိုင်ရဲ့ အထုပ်လည်းပိုက်နိုင်တဲ့
ခေတ်ပျက် ချအုံနဲ့ လာဘ်တွင်းတွေ
ချပုံလျှက် ပြခင်းထားတဲ့ နိုင်ငံတော်ရေ....

တဝက်လမ်းတွေက
ဆက်လှမ်းလို့ မရတော့ဘူး... သမ္မတကြီး
တဝက်တံတားတွေက
ဆက်သွားလို့ မရတော့ဘူး... သမ္မတကြီး
-------------------------------------------------
ရပ်ပြီး...ကြည့်မနေနဲ့ဗျာ...။ ။

သုအိုင်စံ
၀၄-၀၇-၂၀၁၆

Comments

Popular posts from this blog

((( ကိုယ်ပိုင်အကြွေး ))) === SELF-DEBT

((( သူမနှင့် ဖက်ဒရယ် မျက်နှာသစ်ခွက် )))

ိ္ကျိအမ၆ကန၅၆မကျမအ့နမ