((( သတင်းစာ )))

((( သတင်းစာ )))

ဝါးတစ်ပင်အဖြစ်နဲ့
သစ်ပင်တွေနဲ့လုံးထွေးလုယက်ရှင်
သန်ခဲ့ရ
ရိုးဖြတ်တစ်ငုတ်အဖြစ်နဲ့
အညွန့်ဖြတ်စွန့်ပစ်ခံအထီးကျန်နေပူဒဏ်ခံရ
စက္ကူဖြစ်လာရပြန်တော့လည်း
နိုင်ရာဝန်လေးထမ်းမှလူဖြစ်ကျိုးနပ်မှာမို့
သူတို့ငါ့ကိုတာဝန်ပေးကြပြီ။

အဘိဓာန်တွေ ကျမ်းစာအုပ်တွေလို
အသိပညာတွေသိုလှောင်ပြီးမခမ်းနားနိုင်ပေမဲ့
တစ်ခါသုံးကော်ဖီမှုန့်တစ်ထုပ်လို
မနက်လင်းပြီဆိုလူတို့ငါ့ကိုဖောက်သောက်တယ်။

ရေးပစ်ဘောပင်တစ်ချောင်းလို
ဟိုလှန်ဒီလှန်လုပ်ပြီး
ငါ့ကိုအမှိုက်တောင်းထဲပစ်ထဲ့တဲ့လူကတစ်မျိုး
ခပ်ကောင်းကောင်းကဗျာတစ်ပုဒ်လို
ငါ့ကိုဂရုစိုက်သေချာဖတ်သိမ်းဆည်းတဲ့လူကတစ်မျိုး
အဲဒီနှစ်မျိုးပဲရှိတဲ့ဒီလောကမှာ
သမိုင်းကိုငါမလေ့လာခဲ့ပါဘူး
ငါကိုယ်တိုင်ဟာသမိုင်းဖြစ်ခဲ့တယ်။

နောင်နှစ်များစွာမှာ
လိုအပ်လို့ငါ့ကိုပြန်ရှာတဲ့အခါမှာ
ငါအသက်ပြန်ဝင်လာဦးမှာပါ
အခြေခံအားဖြင့်တော့
ငါ့သက်တမ်းက ၂၄နာရီ
ဒါပေမဲ့
ကမ္ဘာနဲ့ချီတဲ့တန်ဖိုးတွေနဲ့
ငါကသာမာန်လူစက္ကူလေးတစ်ရွက်ပဲ။ ။

သုအိုင်စံ
၂၀၀၀

Comments

Popular posts from this blog

((( ကိုယ်ပိုင်အကြွေး ))) === SELF-DEBT

((( သူမနှင့် ဖက်ဒရယ် မျက်နှာသစ်ခွက် )))

ိ္ကျိအမ၆ကန၅၆မကျမအ့နမ