((( မူလတာဝန် )))

((( မူလတာဝန် )))

တစုံတရာကို စောင့်ကြည့်နေတဲ့ သိပ္ပံကွန်ပြူတာ
ဘာမဆို သိပ်ကို ကျွမ်းကျင်ပါရဲ့
ဗိုင်းရပ်စ်နဲ့ ပက်စက်ရာမှာ ပို ဇောက်နက်တယ်

ဂေါ်ဇီလာထက် ပို ကြီးတာ၊
ဘယ်လိုအရာ ရှိသေးလို့လဲ
ဂေါ်ဇီလာတွေ ပျက်စီးဆွေးမြေ့ဖူးခဲ့တယ်

မော်နီတာထက် ပို ကျွမ်းကျင်အလုပ်ရှုပ်တာ
ဘယ်လိုအရာ ရှိသေးလို့လဲ
မော်နီတာတွေ ကျောင်းထုတ်ခံ စာမေးပွဲကျဖူးခဲ့တယ်

လူမှုကွန်ယက်ရဲ့ စီအိုင်အေ အေးဂျင့်များ
လူတယောက်ရဲ့ ရိုးသားမှုရေကြည်အိုင်မှာ
မစစ်ကြောခင်ပဲ ရေနစ်သေသွားရှာပေါ့

CCTV ကို လေ့လာ မော်နီတာ လုပ်ကြည့်တဲ့အခါ
ဘာစောက်လုပ်မှ မလုပ်ပဲ ရှင်နေတာကို တွေ့ရရဲ့
လူတစ်ယောက်ရဲ့ မူလတာဝန်ဆိုတာ
ဘာမှ မရှိဘူး ဒါကြောင့် အရာရာ ရှိတာပေါ့ကွာ။   ။

သုအိုင်စံ
၀၇-၁၀-၂၀၁၅

Comments

Popular posts from this blog

((( ကိုယ်ပိုင်အကြွေး ))) === SELF-DEBT

((( သူမနှင့် ဖက်ဒရယ် မျက်နှာသစ်ခွက် )))

ိ္ကျိအမ၆ကန၅၆မကျမအ့နမ