((( စစ်ဝင်စားတဲ့ တရားခံ တယောက်ဟာ / ဖြစ်စဉ်မှားနဲ့ အလည် ပြန်ရောက်လာ )))
((( စစ်ဝင်စားတဲ့ တရားခံ တယောက်ဟာ /
ဖြစ်စဉ်မှားနဲ့ အလည် ပြန်ရောက်လာ )))
လူမိုက်လမ်းစဉ်များနဲ့ အတူတိုက်သွားလျှက်
ပြေးတက် ပန်းဝင်သွားမည် ငရဲဆီသို့ စစ်ချီခြင်းများ
တပွဲစီနဲ့ သရေကျသွားတဲ့ ဖြတ်သန်းမောင်းနှင်သွားရတဲ့
လမ်းဖောက်သွားတဲ့ လျှောက်လှမ်း ယန္တယားရဲ့
ဖွဲ့စည်းမှုနဲ့ အကျင့်သိက္ခာ ဂုဏ်အင်များနဲ့
ရမှတ်တွေ အောင်မှတ်အောက်မှာ ကျန်နေခဲ့ခြင်းနဲ့
ခေတ်ရဲ့ အချိန်အခါအလိုက် ဆက်တိုက်နေရတဲ့
နှလုံးသားမဲ့ အနာဂတ်၏အကြောင်း ရေးသားတဲ့
ငြင်းမရ ပါတဲ့ ရက်စွဲများ
အကြွေစောသွားသည့် ဖြစ်တည်ခြင်းသမိုင်းဆုံးရှိ
ထပ်မွေးဖွားလာမဲ့ အသက်အား ထပ်ကိုင်သွားမဲ့
ခေါင်းထောင်နေမှ သမိုင်းလှနေတဲ့ စစ်အား
ထပ်မံပြီးမွေးဖွားမဲ့ စိတ်အရိုင်းနဲ့ ခေတ်ဆိုးအပျက်မှာ
လူပြန်ဝင်စားမဲ့ သဋေသားလောင်းသဏ္ဍာန်လို
လွပ်လပ်နေခဲ့တယ်
အဆိုးဆုံးတွေနဲ့ ဒုက္ခပေးသွားမဲ့ သားငမိုက်များလိုပေါ့
ဆူဆိုဒ်လမ်းထွင်ထားတဲ့ အပူသိုက်များနဲ့
ပေးဆက်လမ်းထွင်သွားမည် ငရဲပြည်ပို့ ဖြစ်တည်ခြင်းမှား
အတွဲညီလျှက် အဖြေမရသွားတဲ့ ဘဝလမ်းကြောင်းထွင်ထားရတဲ့
ရမ်းလျှောက်သွားတဲ့ တဇောက်ကန်း လှမ်းသွားတဲ့
ပျက်စီးမှုနဲ့ စစ်ရိက္ခာ ကုန်စင်သွားတဲ့
ရလာဒ်သေ အတောင် ပြတ်တောက်ကာ ပျံနေခဲ့ခြင်းရဲ့
စစ်မက်အရှိန်အဝါအလိုက် ဆက်လိုက်နေရတဲ့
အရှုံးများနဲ့ ဗလာကျသည့် လောင်းကြေးများတဲ့
အတင်း ကျလာတဲ့ တက်ဖဲများ
အသေပေါများသည့် စစ်သည်သချိုင်းကုန်း၏
ဘဝဆွေးသွားရှာတဲ့ လက်ဝါးကပ်တိုင်များရဲ့
အလောင်းကောင်မြေကျ အတိုင်းရပ်သေတဲ့ ခေတ်များ
ရပ်ကျန်ပြီးဝေးသွားတဲ့ အတိတ်သမိုင်းရဲ့ စစ်မျိုးဆက်ဟာ
သူပြန်ဝင်သွားမဲ့ အနေအထားအကြောင်းအမှန်ကို
အလွတ်ရနေခဲ့တယ်
အငြိုးအမုန်းတွေနဲ့ ရှုပ်ပွထွေးထားတဲ့ ဓါးပိုက်ထားသလိုပေါ့
တထပ်တည်း ထပ်ကျ တူနေတဲ့ ပြက္ခဒိန်အသေဟောင်းအသစ်ဟာ
ဘဝငရဲထပ်ကျ သေမဲ့ လူတွေရဲ့ အသက်တွေအကြောင်း ဖြစ်လာ
စစ်ဝင်စားသမိုင်းသစ်တွေနဲ့ အမှားများများနဲ့ လူ့ကမ္ဘာမြေ
ဖြစ်စဉ်များအတိုင်းဖြစ်နေတဲ့ တရားရှားသွားတဲ့ သူ့အနာတွေ
ကြီးပေါင်း ပြန် ပြန် တက်နေခဲ့တဲ့
စစ်အတတ်ပညာဆိုးအား ချစ်မြတ်ရင်မှာပျိုးထားတဲ့လူဟာ
စစ်ထွက်အမြတ်ကျန်များရတဲ့ ဗျူဟာမှူး ဖြစ်နေခဲ့သလို
စစ်ရဲ့သေနတ်မှန်သွားကြတဲ့ လူဟာ အရူး အဖြစ် သေခဲ့၏
စိတ်ရဲ့ အသိခေါက်ခြင်းဟာ အ၀င်နက်စွာ ခဲ့ရာ
စစ်ရေးအမြင်မှာ ထက်မြက်တဲ့ ဥာဏ်သေနတ်အား
လူယဉ်ကျေးမှုစစ်ပွဲမှာ ကောက်ကျစ်စွာ အသုံးချလျှက်
ြ်ပန်ဝယ်ရင်း ပြန် စားသုံးနေခဲ့တဲ့ အမှန်၏အမှားသည်
အများညီညာလျှက် တရားတည်လာခဲ့တဲ့
အမှားအစစ်သေသွားတဲ့ တရားအညစ်တွေပါလားကွာ။ ။
သုအိုင်စံ
၂၅-၁၀-၂၀၁၆
Comments
Post a Comment