((( လူကမ္ဘာရိုင်းရဲ့မဟူရာသိုင်းကွက် )))

((( လူကမ္ဘာရိုင်းရဲ့မဟူရာသိုင်းကွက် )))

အတုများနဲ့ စုကစားသွားတဲ့ အာဏာအောက်က
မုသားနဲ့ ပြုစားထားတဲ့ ကမ္ဘာ တောက်ပတိုးတက်
အဆိုးနဲ့ ပျိုးခဲ့ မျိုးဆက်တွေ
အနောက်ကမ္ဘာမှာ နောက်မျိုးဆက် အရှေ့ကမ္ဘာမှာ ရှေ့မျိုးဆက်
ထိုးတက် မရမက ရှင်သန်
အကျိုးမဲ့ ဓမ္မ အဓမ္မ အသွင်သဏ္ဍာန်ဆင်တူရိုးမှား
အစိုးမဲ့ ခဏခဏ လျှင်သူအမြန် ခိုးစားတဲ့ အမှန်တရားတွေ

အားလုံးမှားရင် မှန်တယ်မဟုတ်လား
အမှားဝင်္ကဘာတလျှောက် ကျန်းမာလာစေခဲ့
အမှားအစဉ်အလာတလျှောက် လန်းဖြာလာစေခဲ့
တရားသဘင်ဟာ သောက်ရမ်းဗျာဝေလျှက်

ခေတ်သစ်ရဲ့လူဟာ စိတ်ဓါတ်ကောင်းဖို့မလိုဘူးဟေ့
စနစ်ညစ်နဲ့ဗျူဟာ အိပ်ကပ်ဖောင်းဖို့ ပဲလိုတယ်
မိစ္ဆာဗဟုသုတနဲ့ အမုန်းများ သိုလှောင်ရာ
ရိက္ခာလုစုကြတဲ့ နှလုံးသား ဂိုထောင်ကမ္ဘာ

ကျမ်းစာထဲက အဆိပ်ကာရန်အတွက်
လမ်းဟာတွဲဖက် စိတ်သဒ္ဒါလျှံခဲ့
သိက္ခာမာန်တက် အကြောင်းအကျိုးမှား အသံတလွင့်လွင့်
အတိတ်ရာဇသံရဲ့ မကောင်းဆိုးဝါး အလံတလွင့်လွင့်

လည်ပင်းသွေးနဲ့ အချင်းဆေးမယ်
မွေးခဲ့ပြီ တစ်ကောင်
ဂုတ်သွေးစုတ်ပြီး အလုပ်ပေးလုပ်မယ်
သေခဲ့ပြီ တစ်ယောက်

သွေးချင်းသားချင်းအလွမ်းက အကြွေးရှင်းဓါးခင်းလမ်းပဲ
အဖြစ်သနစ်မှာ ချစ်မေတ္တာမပါတဲ့ ဝတ္ထု
ဓါးကိုင်ထားတဲ့ ဇတ်ကောင်တိုင်း ညီညီညာညာ
အမှားအနိုင်တရားနဲ့ ဘဝအမှောင်လှိုင်း စည်စည်သာသာ

ငတေမာမဲ့ အကျိုးစီးပွား ကုမ္ပဏီအတွက်
သေချာတဲ့ အဆိုးစည်းတား ကုန်စည်ခဲ့တယ်
အချိန်အခါကိုက်နွှဲ အမှားတွေဆိုင် ထိုးခုတ်သတ်ဖြတ်
လိမ်ညာမိုက်မဲ အားတွေပြိုင် အကျိုးယုတ်ဇတ် ကမယ်

ဘယ်သူမှမမှားဘူး ဘယ်သူမှမတရားဘူး
အမှောင်ထဲကဇတ်လိုက်ကို အမှောင်ထဲကသတ်လိုက်တယ်
မဟူရာသိုင်းကွက်နဲ့ အသက်ထွက် လူကမ္ဘာရိုင်းရဲ့ လက်ချက်ပဲ
(က..မ္ဘာ..ကိုယ်..တိုင်)။   ။

သုအိုင်စံ
၀၅.၀၈.၂၀၁၂

Comments

Popular posts from this blog

ိ္ကျိအမ၆ကန၅၆မကျမအ့နမ

((( ကိုယ္ပိုင္အေၾကြး ))) === SELF-DEBT

((( ပုရွက်ဆိတ်သေတသောင်းသည်=ဆင်သေတလောင်းနှင့် ညီ/မညီ )))