((( ကျွဲ မဖြစ်သေးတဲ့ ကမ္ဘာ )))

((( ကျွဲ မဖြစ်သေးတဲ့ ကမ္ဘာ )))
-
-
(ဘော်ဒီ)
ပြဌာန်းထားကြသည့် လမ်းစဉ်ဝါဒရဲ့
မူကြီး-ပျက်ဟောင်းသွားကာ ကျိုးကျတော့
ဖြတ်သန်းသွားရမည့် လမ်းထွင်လာကြတဲ့
လူစီး-တက်ကြောင်းများဟာ တိုးမရတော့
ရပ်တန်းသွားရမည့် ပန်းဝင်လာကြတဲ့ သူကြီးရဲ့
ကောင်းကင်အဖျားအနာ ဆိုးလှပေါ့
----------
ဖြုတ်-လဲ ပါမှ ရမဲ့ ဘော်ဒီဟောင်းအတွက်လေးအတွက်တောင်
အလုပ်ထဲ မလာကြတဲ့ တော်ကီကောင်းခဲ့သေးတဲ့ကောင်
ဒီကောင်တွေ ရောက်မလာတဲ့
လျှောက်ချီစဉ်- သိမ်းကိုင်စု-မခံတဲ့ လူတကာနဲ့
ဆောက်တည်စဉ်-ထိန်းကိုင်မှု မမှန်တဲ့ ဗျူဟာရဲ့
ဖက်ဒရယ်-လမ်းစဉ်တွေနဲ့ ခေတ်ပေါ်ရာ ကမ္ဘာမြေသစ်ဆီ
မလွယ်မှန်း- မြင်နေပေမဲ့... သင့်တော်စွာ ရှာဖွေဖြစ်သည်
ကမ္ဘာကို အဖြေရှာလျှက် အသစ်ပြောင်းမဲ့ လူတွေဟာလည်း
ကမ္ဘာအိုမြေမှာ နေလာတဲ့ အကျင့်ဟောင်းနဲ့ လူတွေပါပဲ
ဆွဲတိုင်းပဲ-ထုတ်-ပစ်-နေရသေးတဲ့-ဒီ-ကမ္ဘာ
ဖဲဝိုင်းထဲ-အလုပ်သစ်တွေ-မရသေးတဲ့-ဤ-ရွာ
လူမညီစွာ ကျွဲ မဖြစ်သေးတဲ့ ဤ-ကမ္ဘာမှာ
ဤအရာဟာဤအရာဖြစ်သေးရဲ့... .. ခေတ်ဆွေးလို--


( ဝင်ရိုး )
ပြဌာန်းထားကြသည့် လမ်းစဉ်ဝါဒရဲ့
မူကြီး-ပျက်ဟောင်းသွားကာ ကျိုးကျတော့
ဖြတ်သန်းသွားရမည့် လမ်းထွင်လာကြတဲ့
လူစီး-တက်ကြောင်းများဟာ တိုးမရတော့
ရပ်တန်းသွားရမည့် ပန်းဝင်လာကြတဲ့ သူကြီးရဲ့
ကောင်းကင်အဖျားအနာ ဆိုးလှပေါ့
----------
အစား-ထိုးရမဲ့ ဝင်ရိုးအက်ခြင်းတွေနဲ့
ကမ္ဘာ၏ ရွာပျက်ယန္တယားနဲ့  လည်နေပုံသည်
အားကိုး-မရတဲ့ သင်ရိုးပျက်ယွင်းနေတဲ့
မာတိကာရဲ့ လမ်းများထက် နယ်မြေစုံဆီ
ဒီကောင်တွေ ရောက်မလာတဲ့
လျှောက်ချီစဉ်- သိမ်းကိုင်စု-မခံတဲ့ လူတကာနဲ့
ဆောက်တည်စဉ်-ထိန်းကိုင်မှု မမှန်တဲ့ ဗျူဟာရဲ့
ဖက်ဒရယ်-လမ်းစဉ်တွေနဲ့ ခေတ်ပေါ်ရာ ကမ္ဘာမြေသစ်ဆီ
မလွယ်မှန်း- မြင်နေပေမဲ့... သင့်တော်စွာ ရှာဖွေဖြစ်သည်
ကမ္ဘာကို အဖြေရှာလျှက် အသစ်ပြောင်းမဲ့ လူတွေဟာလည်း
ကမ္ဘာအိုမြေမှာ နေလာတဲ့ အကျင့်ဟောင်းနဲ့ လူတွေပါပဲ
ဆွဲတိုင်းပဲ-ထုတ်-ပစ်-နေရသေးတဲ့-ဒီ-ကမ္ဘာ
ဖဲဝိုင်းထဲ-အလုပ်သစ်တွေ-မရသေးတဲ့-ဤ-ရွာ
လူမညီစွာ ကျွဲ မဖြစ်သေးတဲ့ ဤ-ကမ္ဘာမှာ
ဤအရာဟာဤအရာဖြစ်သေးရဲ့... .. ခေတ်ဆွေးလို--။

သုအိုင်စံ
၁၈-၁၀-၂၀၁၇

Comments

Popular posts from this blog

ိ္ကျိအမ၆ကန၅၆မကျမအ့နမ

((( ကိုယ္ပိုင္အေၾကြး ))) === SELF-DEBT

((( ပုရွက်ဆိတ်သေတသောင်းသည်=ဆင်သေတလောင်းနှင့် ညီ/မညီ )))