((( ဧည့်ခန်း )))

((( ဧည့်ခန်း )))

တီဗွီ ကွန်ပြူတာ တယ်လီဖုန်းနဲ့
ဧည့်ကြိုဂမုန်း ပန်းအိုးစတဲ့
အများသုံးပစ်စည်းတွေစုပေါင်းနေထိုင်တဲ့ရပ်ကွက်

ဖွင့်နေကြသီချင်းဟာ
"မင်္ဂလာပါ၊ နေကောင်းလား"တဲ့

အလင်းတွေပြတင်းဖွင့်ပြီးဝင်လာသလို
လူတွေတံခါးဖွင့်ပြီးဝင်လာကြရဲ့
ဧည့်ခန်းကပင်တိုင်ဖျော်ဖြေခဲ့ရတယ်

ရေချိုးခန်းတွေအိမ်သာတွေထက်ပိုပင်ပန်းပြီး
မီးဖိုချောင်တွေထက်ပိုအလုပ်ရှုပ်ပေမဲ့
အိပ်ခန်းတွေလိုဇိမ်ခံမနေနိုင်ဘူ
မလှဘူးထင်ရင်ခက်ရချည်ရဲ့
အလှပြင်ခြင်းဟာအလုပ်တစ်ခုဖြစ်တယ်

ကျေကွဲပြောကြကြေးဆို
ဧည့်ခန်းဆိုတာ
ဧည့်သည်ကတစ်ဝက်ပိုင်ပြီး
အိမ်ရှင်ကတစ်ဝက်ပိုင်လေရဲ့
တကယ့်တကယ်မှာက
ဧည့်သည်တွေရဲ့ထားခဲ့ခြင်းကိုလည်းခံရ
အိမ်ရှင်တွေရဲ့ထားခဲ့ခြင်းကိုလည်းခံရ
ည ညတွေမှာရင်ခွင်ဟင်းလင်းဟ

လူဝင်လူထွက်သိပ်များတဲ့
ဧည့်ခန်းလိုမိန်းမတွေရဲ့
ညဖက်အဖော်ဟာ
မှောင်မဲတိတ်ဆိတ်တဲ့မျက်ရည်ပဲဖြစ်နေမလား။ ။

သုအိုင်စံ
( ဘန်ကောက် နှစ်များ )

Comments

Popular posts from this blog

ိ္ကျိအမ၆ကန၅၆မကျမအ့နမ

((( ကိုယ္ပိုင္အေၾကြး ))) === SELF-DEBT

((( ပုရွက်ဆိတ်သေတသောင်းသည်=ဆင်သေတလောင်းနှင့် ညီ/မညီ )))