နောက်ဆုံး ပြန် ပြင်ထားတဲ့ ((( ခွေးဂီတ )))

(( ခွေးဂီတ )))

ဆေးပြားနဲ့ဝေးသွားတဲ့ ဆေးသမားတစ်ယောက်လိုပေါ့
တေးသွားနဲ့ဝေးသွားတဲ့ တေးသမားတစ်ယောက်လိုပေါ့
အဓိပ္ပါယ်တွေ အဆိပ်ပြယ်သွားတဲ့ စစ်ချီသီချင်းလို ဖြစ်တည်ခြင်းတွေ
မဖြစ်စေနဲ့...

ခွေးဟာ
အဆိုးအကောင်းတွေနဲ့လွန်းကျစ်ထားတဲ့ ထွန်းသစ်စ ကြိုးတစ်ချောင်းပါ
အမှားအမှန်တွေနဲ့ ကျားကန်ထားတဲ့စားကျက်မှာ အသက်ကိုနွားလှန်ထားတယ်
အစမှာ
နိဒါန်းကို သိကျွမ်းခွင့်မရတဲ့လမ်းမပေါ် အရမ်းပစ်ချဆွဲခေါ်ခံရတယ်
ခွေးကတော်တယ်
ဦးနှောက်နဲ့ကုန်းကောက်ခဲ့သမျှဗဟုသုတနဲ့ သူ့ဘဝကိုရှာတယ်
ဘာမှတွေ့ဘူး
အသဲနှလုံးအားနဲ့ဆွဲသုံးထားတဲ့ အချစ်ကဗျာတစ်ခုနဲ့မေတ္တာပန်းပုထုတယ်
သိပ်လှတယ်တော့မဟုတ်ဘူး
ဇတ်ညွှန်းတွေ ငြင်း/ရှုပ်နေတာကို ရှင်းထုတ်မနေတော့ဘူးဟေ့
ဖတ်ညွှန်းတွေ ထပ် ထပ်စွန်းပေလာတာတော့ မမိုက်ဘူးကွာ
ဒါပေမဲ့
နီးစပ်မှုတွေကိုပဲ ချည်းကပ်မှုပြုနေရတယ် မဟုတ်လား
နည်းပြမှုတွေကိုပဲ တီးခတ်မှုပြုနေရတယ် မဟုတ်လား
တစ်ခုပဲ
ဂုတ်ကျားဖြစ်ဖြစ် စုတ်ဖွားဖြစ်ဖြစ် ခွေးတစ်ကောင်လို တေးဟောင်ခွင့်ရဖို့
ဂိတ်ဆုံးထိသာပြေးကြ၊ စိတ်ဆုံးထိသာတွေးကြ၊ ထိပ်ဆုံးရှိတာပေးဆပ်
အကြောက်မဲ့စွာ ဖောက်ထွက်ကာ လျှောက်ခဲ့ရာ ရောက်လှည့်လာ
တစုံတရာဘဝနဲ့ ချရင်း ဘုံအနာဂတ်အတွက် ဖြတ်ခွင်း ဂုဏ်ပကာသနနဲ့ ထလင်း

မပြီးမချင်း တီးရင်း ညည်းရင်း စီးဆင်းသည် ခွေးခရီးဂီတ၊ ဒီဘဝလူ့သံစဉ်များ။ ။

သုအိုင်စံ
၃၁.၀၃.၂၀၁၂
-
-
--

အဆိုးအကောင်းတွေနဲ့လွန်းကျစ်ထား
တဲ့ ထွန်းသစ်စ ကြိုးတစ်ချောင်းပါ

Comments

Popular posts from this blog

((( ကိုယ်ပိုင်အကြွေး ))) === SELF-DEBT

((( သူမနှင့် ဖက်ဒရယ် မျက်နှာသစ်ခွက် )))

ိ္ကျိအမ၆ကန၅၆မကျမအ့နမ