((( ည-ရှင်-လွမ်း-ခန်း-အောက်- ဘဝ-ခင်ဝမ်း-လမ်း-လျှောက် )))
((( ည-ရှင်-လွမ်း-ခန်း-အောက်-
ဘဝ-ခင်ဝမ်း-လမ်း-လျှောက် )))
လ လုပ်တဲ့ ရွက်လှေကိုက
ကောင်းကင်ပြင်က လုပ်တာ..
ည မြုပ်တဲ့ မျက်ရည်ကိုက
ငါ့-ရင်ခွင်က လုပ်တာ...
ဒီ ဖြစ်ကွက်၂ခုလုံးကိုက
ချစ်သူ-မင်းက လုပ်တာ...
ငါ့အတွက်-
ဒီညရဲ့-အချစ်ဆိုတာ
ည အမှောင်ယံ လွှမ်းတဲ့
အရူးဇာတ်ခုံပေါ်မှာ
လ ရောင် ပျံသန်းလျှက်
မြူး က ခုန် ပျော်တာပဲ...
ကောင်းကင်ကလမင်းလို၊
ခေါင်းစဉ်လှပတဲ့မင်းကို
အမှောင်ထဲ လှမ်းလို့လာ၊
တကောင်တည်း လွမ်းဖို့ရာ
မုန့်၊ ဂစ်တာနဲ့ ခင်ဝမ်းပါတယ်
လွမ်းတေးမှ ဆိုဟစ်ကာညည်း-တဲ့
ပင်ပန်းသေးတယ်
လမ်းဘေးက ကိုဂစ်တာကြီး-ရဲ့
ခင်ဝမ်းတေးရယ်...
မုန့်လေးရယ် ရှူပြီးမှ
ဆက်တီးခတ်တယ်။ ။
သုအိုင်စံ
၀၇-၀၇-၂၀၁၆
-
ဝန်ခံချက်။ ။ ( လ လုပ်တဲ့ ရွက်လှေ ) နှင့် ( ည မြုပ်တဲ့ မျက်ရည် ) ဟူသော စကားလုံး ၂ လုံးသည် လွန်ခဲ့သော
အနှစ် ၂၀တုန်းက-ကဗျာဆရာ ငြိမ်းဇေဦးမှ ရုတ်တရက်
ညဂစ်တာတီးစဉ် ပါးစပ်မှ ရွတ်လိုက်သော စကားလုံးများ ဖြစ်သည်။

Comments
Post a Comment